ပျောက်ဆုံးနေသည့် လူ့အခွင့်အရေးလှုပ်ရှားသူ တရုတ်ရှေ့နေသုံးဦးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ၎င်းတို့၏ ဇနီးများ ပြောကြား

ပျောက်ဆုံးနေသည့် လူ့အခွင့်အရေးလှုပ်ရှားသူ တရုတ်ရှေ့နေသုံးဦးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ၎င်းတို့၏ ဇနီးများ ပြောကြား

ဒီဇင်ဘာ ၁၅ ။         ။ တရုတ်နိုင်ငံတွင် လူ့အခွင့်အရေးသမားများအဖြစ် ထင်ရှားခဲ့သည့် ရှေ့နေသုံးဦး ယမန်နှစ်ကတည်းက အာဏာပိုင်များ၏ အတင်းအကျပ်နှိမ်နင်းမှုဖြစ်စဉ်နောက်ပိုင်း သတင်းအစအန မရဘဲ ပျောက်ဆုံးနေသည့်အပေါ် ဆက်လက်ရင်ဆိုင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ၎င်းရှေ့နေများ၏ ဇနီးသည်များက ပြောသည်။

၀မ်ချောင်လင်၊ လီဝမ်ဇူ နှင့် ယွမ်ရှန်းရှန်တို့ သုံးဦးမှာ လွန်ခဲ့သည့် တစ်နှစ်ကျော်ကြာကာလအတွင်းက ပျော်ရွှင်ဖွယ်ရာကောင်းသော အိမ်ထောင်ရှင်မများအဖြစ် ရပ်တည် နေထိုင်နိုင်ခဲ့သော်လည်း ယမန်နှစ် နှစ်လယ်ပိုင်းလောက်က နိုင်ငံရှိ ရှေ့နေများအပေါ် ရဲတပ်ဖွဲ့၏ နှိမ်နင်းဖမ်းဆီးစစ်ဆေးမှု ဖြစ်စဉ်နောက်ပိုင်း ခင်ပွန်းသည်များဖြစ်သည့် လီဟယ်ပင်၊ ၀မ်ချန်ကျန်း နှင့် ရှယ်ယမ်ယီတို့ သုံးဦးမှာ ရုတ်တရတ် ပျောက်ဆုံးသွားခဲ့ကြခြင်းကြောင့် ပူပင်သောကရောက်ခဲ့ကြရသည်။

ယင်းနိုင်ငံတွင် ယမန်နှစ်အတွင်းက ထင်ရှားသော လူ့အခွင့်အရေးလှုပ်ရှားသူ ရှေ့နေများနှင့် ၎င်းတို့နှင့်လုပ်ဖော်ကိုင်ဖက် ဒါဇင်ပေါင်းများစွာကို အာဏာပိုင်များက ပစ်မှတ်ထားနှိမ်နင်းခဲ့ရာ၌ အချို့မိသားစုများမှာ ၎င်းတို့၏ ခင်ပွန်းများ မည်သည့်အကျဉ်းထောင်များတွင် ထိန်းသိမ်းခံထားရသည်ဆိုသည့် သတင်းအစအနပင် မရရှိဘဲ ကွဲကွာနေရလျက်ရှိကြောင်း သိရသည်။

အထက်ပါ ဇနီးများကလည်း ၎င်းတို့၏ ခင်ပွန်းများနှင့်ပတ်သက်၍ ဖြေဆိုပေးရန် အာဏာပိုင်များထံ ဆက်တိုက်မေးခွန်းထုတ်ထားကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly