တောင်တရုတ်ပင်လယ်ရှိ ကျွန်းများပေါ်၌ တရုတ်တို့ စစ်လက်နက်များ တပ်ဆင်ထားကြောင်း တွေ့ရှိ

တောင်တရုတ်ပင်လယ်ရှိ ကျွန်းများပေါ်၌ တရုတ်တို့ စစ်လက်နက်များ တပ်ဆင်ထားကြောင်း တွေ့ရှိ

ဒီဇင်ဘာ ၁၅ ။                ။ တောင်တရုတ်ပင်လယ်ပြင်တွင်း၌ တည်ဆောက်ထားသော လူလုပ်ကျွန်းတုများပေါ်တွင် တရုတ်တို့က စစ်လက်နက်များ တပ်ဆင်ထားလျက်ရှိသည်ကို ဂြိုဟ်တုမှ ရိုက်ယူထားခဲ့သည့် ပုံရိပ်များတွင် တွေ့ရှိထားခဲ့ကြောင်း အမေရိကန်အခြေစိုက် နိုင်ငံရေးစောင့်ကြည့်အဖွဲ့တစ်ခုက ဒီဇင်ဘာလ ၁၄ ရက်က ထုတ်ပြန်ပြောကြားလိုက်သည်။

ပေကျင်းအစိုးရအနေဖြင့် ပြီးခဲ့သည့်နှစ်များကတည်းက Spratly ကျွန်းများအနီး ကျွန်းတုခုနှစ်ခုကို ဖန်တီးခဲ့သည်ဟုလည်း သိရသည်။

သို့သော် ယင်းကျွန်းတုများဖန်တီးခြင်းမှာ ဒေသတွင်း အငြင်းပွားရေပိုင်နက်ပြဿနာကို စစ်ရေးနည်းအသွင် ပုံသွင်းရန် ရည်ရွယ်ခြင်းမဟုတ်ကြောင်း တရုတ်တို့ဘက်က ခုခံပြောဆိုထားသော်လည်း ဂြိုဟ်တုမှတဆင့် ရိုက်ယူရရှိသော ပုံရိပ်များအရ ယင်းကျွန်းများပေါ်၌ စစ်လက်နက်တပ်ဆင်မှုများနှင့် လေယာဉ်ပြေးလမ်းရှည်များ တည်ဆောက်ထားမှုတို့ကို မြင်တွေ့နေရသည်ဟု ဆိုသည်။

အာရှရေကြောင်းဆိုင်ရာပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့ AMTI က ရိုက်ယူရရှိသော ဓါတ်ပုံများအရ ယင်းကျွန်းခုနစ်စီတိုင်းတွင် ထောင့်ခြောက်ထောင့်ပုံအကွက်ပုံရိပ်များကို တွေ့ရှိခဲ့ရသည်ဟု သိရသည်။ လေ့လာချက်များအရ ယင်းတည်ဆောက်ပုံစနစ်များမှာ ၀င်လာမည့်ဒုံးကျည်များနှင့် ရန်သူ့လေယာဉ်များကို ပစ်ချရန် ရည်ရွယ်တည်ဆောက်ထားသည့် ဖွဲ့စည်းပုံများစံများအတိုင်း   ဖြစ်နေသည်ဟုလည်း သိရသည်။

တရုတ်တို့အနေဖြင့် ယခုအခါ လေတပ်အခြေစိုက်စခန်းများ၊ ရေဒါများ၊ ဆက်သွယ်ရေးစနစ်များ၊ ရေတပ်စခန်းများနှင့် လက်နက်များကို နေရာတကျထားရှိထားပြီဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly