ခရစ္စမတ်ကာလတွင် အမှတ်ပေးဇယားထိပ်ရောက်တိုင်း ချယ်လ်ဆီးအသင်း ဗိုလ်စွဲလေ့ရှိ

ခရစ္စမတ်ကာလတွင် အမှတ်ပေးဇယားထိပ်ရောက်တိုင်း ချယ်လ်ဆီးအသင်း ဗိုလ်စွဲလေ့ရှိ

ဒီဇင်ဘာ ၁၅၊ လန်ဒန်။                        ။ ချယ်လ်ဆီးအသင်းသည် ခရစ္စမတ်ကာလတွင် အမှတ်ပေးဇယားထိပ်ရောက်သည့်နှစ်တိုင်း ပရီးမီးယားလိဂ်ဖလား ဗိုလ်စွဲလေ့ရှိ သည်ဟု  ဒေးလီးမေးလ် သတင်းတွင် ဖော်ပြထားသည်။

ကွန်တီ၏ချယ်လ်ဆီးအသင်းသည် ဆန်းဒါးလန်းအသင်းကို ပွဲချိန်ပထမပိုင်းတွင် ဖာဘရီဂတ်စ်သွင်းယူသည့်ဂိုးဖြင့် အနိုင်ရပြီး နောက် အမှတ်ပေးဇယားကို ခြောက်မှတ်ဖြတ် ဦးဆောင်နိုင်ခဲ့ရာ ဒီဇင်ဘာ ၂၅ ရက်ထိ ဇယားထိပ်တွင် ဆက်ရှိနေမည်ဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် ၂၀၀၄၊ ၂၀၀၅၊ ၂၀၀၉ နှင့် ၂၀၁၄ ခရစ္စမတ်ကာလများတွင် အမှတ်ပေးဇယားထိပ်သို့ရောက်ခဲ့ပြီး ရာသီကုန်တွင် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့သည်။

လက်ရှိတွင်လည်း ၁၉၉၂ မှစတင်သည့် ပရီးမီးယားလိဂ်ပြိုင်ပွဲသက်တမ်းတွင် ပဥ္စမအကြိမ်မြောက်အဖြစ် ခရစ္စမတ်ကာလ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပြန်ရာ သမိုင်းကြောင်းတစ်ပတ်   ပြန်လည်ရန် ချယ်လ်ဆီးပရိသတ်များက မျှော်လင့်နေသည်။

အလင်းရောင်ကွင်းတွင် ဆန်းဒါးလန်းကို အနိုင်ရပြီးနောက် ၁၀ ပွဲဆက် အနိုင်ရသည့်မှတ်တမ်း ပိုင်ဆိုင်ထားသော ချယ်လ်ဆီး အသင်းအနေဖြင့် ၂၀၀၈-၀၉ နှင့် ၂၀၀၉-၁၀ ရာသီတွင်တင်ထားသော ၁၁ ပွဲဆက် အနိုင်ရသည့်စံချိန်ကို လိုက်မီရန် တစ်ပွဲသာ လိုတော့သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly