မန်ယူ ကွင်းလယ်လူ ရှနိုက်ဒါလင်ကို ခေါ်ယူဖို့ အဲဗာတန် စိတ်ဝင်စား

မန်ယူ ကွင်းလယ်လူ ရှနိုက်ဒါလင်ကို ခေါ်ယူဖို့ အဲဗာတန် စိတ်ဝင်စား
(ဓာတ်ပုံ - အီးပီအေ)

အဲဗာတန်အသင်းက မန်ယူ ကွင်းလယ်ကစားသမား မော်ဂန် ရှနိုက်ဒါလင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။

အသင်းနှစ်သင်းကြား ဆက်သွယ်မှုများ ပြုလုပ်ခဲ့ပေမယ့် ခေါ်ယူဖို့ သဘောတူညီချက် တစ်စုံတစ်ရာ မရှိသေးပေ။

၂၀၁၅ ခုနှစ် ဇူလိုင်လက မန်ယူနဲ့ ပေါင် ၂၅ သန်းတန် လက်မှတ်ထိုးခဲ့တဲ့ ပြင်သစ်ကစားသမားဟာ ဂူဒီဆင်ပါ့ခ်မှာ ဆောက်သမ်တန် နည်းပြဟောင်း ရော်နယ်လ်ကိုးမန်းနှင့်အတူ ပြည်လည် ပေါင်းထုတ်ဖွယ်ရှိနေပါတယ်။

သရေနီနည်းပြ မော်ရင်ဟိုက အသက် ၂၇ နှစ်အရွယ်ရှိ ကစားသမားကို မည်သည့် ကမ်းလှမ်းမှုမျိုးမှ ပြုလုပ်သွားလိမ့်မဟုတ်တဲ့အပြင် ၎င်းရဲ့ ရေရှည်စီမံကိန်းများရဲ့ အစိတ်အပိုင်းမှာ ပါဝင်ခြင်း မရှိကြောင်း သိရပါတယ်။

ရှနိုက်ဒါလင်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၁ မိနစ်သာ ကစားခဲ့ရပြီး ဗုဒ္ဓဟူးနေ့က ပဲလေ့စ်နဲ့ ကစားတဲ့ ပွဲထွက် လူစာရင်းမှာလည်း ပါဝင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

နည်းပြကိုးမန်းက မန်ယူနှင့် နယ်သာလန် တိုက်စစ်မှူး ဒီဘိုင်းကိုလည်း ခေါ်ယူဖို့ စိတ်အားထက်သန်နေတယ်လို့ သိရှိရပါတယ်။

ဒီဘိုင်းကို ဂျာမနီ၊ အီတလီမှ ရိုးမားစတဲ့ အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့နှစ်က PSV မှ မန်ယူသို့ ပေါင် ၃၁ သန်းနဲ့ ပူးပေါင်းခဲ့တာဖြစ်ပါတယ်။

Source: BBC Sports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly