လာမည့်အမေရိကန်အစိုးရက One China ပေါ်လစီကို စိန်ခေါ်လာပါက ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးကို ထိခိုက်စေလိမ့်မည်ဟု တရုတ်ပြော

လာမည့်အမေရိကန်အစိုးရက One China ပေါ်လစီကို စိန်ခေါ်လာပါက ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးကို ထိခိုက်စေလိမ့်မည်ဟု တရုတ်ပြော

ပေကျင်း၊ ဒီဇင်ဘာ ၁၄ ။            ။ အမေရိကန်နိုင်ငံ၏ လာမည့်အစိုးရအနေဖြင့် One China ပေါ်လစီကို စိန်ခေါ်ရန် လုပ်ဆောင်သည့် မည်သည့်ကြိုးစားမှုမဆို ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးအပေါ် ထိခိုက်လာစေလိမ့်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံက ပြောလိုက်သည်။

ဝင်ရောက်စွက်ဖက်ခြင်းများသည် အမေရိကန် - တရုတ် ဆက်ဆံရေးကို ယိုယွင်းပျက်စီးသွားစေလိမ့်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

One China ပေါ်လစီအရ အမေရိကန်သည် တရုတ်က ၎င်းပိုင် ပြည်နယ်အဖြစ် ရှုမြင်သော ထိုင်ဝမ်အား မဆက်ဆံဘဲ တရုတ်နှင့် တရားဝင်အစိုးရဆက်ဆံရေး ထားရှိခြင်းဖြစ်သည်။

သို့သော် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က အဆိုပါ ပေါ်လစီအား ဆက်လက်လိုက်နာဖို့ရန် သံသယများ ရှိကြောင်း ပြောဆိုဖော်ပြခဲ့သည်။

ထိုပြင် ဒေါ်နယ်ထရမ့်၏ ထိုင်ဝမ်သမ္မတ ထိုက်အန်ဝန်းနှင့် ဖုန်းတိုက်ရိုက်ပြောဆိုလိုက်ခြင်းကြောင့်လည်း တရုတ်အတွက် စိတ်ဆိုးစရာ ဖြစ်ခဲ့သည်။ ထိုဖုန်းပြောဆိုမှုအား ထရမ့်က နောက်ပိုင်း တွစ်တာတွင် ရေးသားခဲ့သည်။

ထရမ့်၏ ပြောဆိုလုပ်ကိုင်မှုများနှင့် ပတ်သက်ပြီး အလွန်စိုးရိမ်ကြောင်း တရုတ်က ဒီဇင်ဘာ ၁၂ ရက်၌ ပြောလိုက်ပြီး ထိုင်ဝမ်အရေးကိစ္စရပ်နှင့် ပတ်သက်လျှင် အထူးသတိထားစေလိုကြောင်း တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly