"မန္တလေးတိုင်းဒေသကြီး လွှတ်တော်မိတ်ဆက် စာအုပ် အခမဲ့ဖြန့်ချိ"

"မန္တလေးတိုင်းဒေသကြီး လွှတ်တော်မိတ်ဆက် စာအုပ် အခမဲ့ဖြန့်ချိ"

မန္တလေး၊ ဒီဇင်ဘာ ၁၄ ။           ။ ဒေသဆိုင်ရာ လွှတ်တော်များ အားပေးကူညီရေးအဖွဲ့ (MYANMAR CENTER TO EMPOWER REGIONAL PARLIAMENTS ) မှ မန္တလေးတိုင်းဒေသကြီး လွှတ်တော်မိတ်ဆက်စာအုပ် အခမဲ့ဖြန့်ချိရေး အခမ်းအနားကို မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၄၂ လမ်း၊ ၈၃ လမ်းနှင့် ၈၄ လမ်းကြားရှိ လောကနတ်ခန်းမတွင် ဒီဇင်ဘာလ ၁၄ ရက်၊မွန်းလွဲ ၂ နာရီ ၃၀ မိနစ်က ပြုလုပ်ခဲ့သည်။

အဆိုပါအဖွဲ့မှ စာအုပ်ပေါင်း ၃၂၀၀ကို ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး ထိုစာအုပ်ထဲ၌ လွှတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်ရေးအချက်အလက်များနှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်များ ပါဝင်သည်။

၎င်းအဖွဲ့အနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း ဖြန့်ဝေရန်အတွက် စာအုပ်ပေါင်း ၄၅၀၀ ရိုက်နှိပ်ထားပြီး မြို့နယ်အလိုက်ရှိ လူမှုရေးအသင်းအဖွဲ့များကိုလည်း ဖြန့်ဝေသွားမည်ဟု ဒေသဆိုင်ရာ လွှတ်တော်များအားပေးကူညီရေးအဖွဲ့မှ ဒါရိုက်တာဦးဇော်ရဲဝင်းက ဆိုသည်။

"ပြည်နယ်နဲ့တိုင်းအားလုံးကို သူ့ပြည်နယ်၊ သူ့တိုင်းနဲ့ဆိုင်ရာကို ဖြန့်ဝေသွားမှာပါ။ ဒီစာအုပ်ဖြစ်ဖို့အတွက် ရွေးကောက်ပွဲပြီးကတည်းက စီစဉ်ဆောင်ရွက်ခဲ့တာပါ " ဟု ၎င်းကပြောသည်။
အဆိုပါ အဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတွင်ဖြန့်ဝေပြီး ဆက်လက်၍ ကရင်ပြည်နယ်ကို ဖြန့်ချိပေးသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly