အတ္တလန္တိတ် သမုဒ္ဓရာအတွင်း ငါးဖမ်းဆီးခွင့် ကန့်သတ်ခြင်းဆိုင်ရာ သဘောတူညီချက် အီးယူချုပ်ဆို

အတ္တလန္တိတ် သမုဒ္ဓရာအတွင်း ငါးဖမ်းဆီးခွင့် ကန့်သတ်ခြင်းဆိုင်ရာ သဘောတူညီချက် အီးယူချုပ်ဆို

ဒီဇင်ဘာ ၁၄ ။             ။ အတ္တလန္တိတ် သမုဒ္ဓရာအတွင်းရှိ ငါးသယံဇာတများ ရေရှည်ရှင်သန်ပေါက်ပွားစေရေး ရည်ရွယ်လျက် ငါးဖမ်းဆီးခွင့်အပေါ် ကန့်သတ်ချက်များ ထပ်မံသတ်မှတ်ခြင်းဆိုင်ရာ သဘောတူညီချက်တစ်ခုကို ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအကြား ချုပ်ဆိုနိုင်ခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

၂၀၁၇ ခုနှစ်တွင် ကျင့်သုံးသွားမည့် အဆိုပါ သဘောတူညီချက်ကြောင့် ပင်လယ်ရေထုအတွင်း ကျက်စားနေလျက်ရှိသော ငါးမျိုးစိတ်များအပေါ် ထိခိုက်မှုနည်းပါးစေနိုင်ရန် ငါးဖမ်းဆီးခွင့်အပေါ် ကန့်သတ်သတ်မှတ်လိုက်ခြင်းပင် ဖြစ်သည်။

အီးယူအဖွဲ့ဝင်နိုင်ငံများအကြား အကြိတ်အနယ်ဆွေးနွေးညှိနှိုင်းခဲ့ရသော အဆိုပါအစည်းအဝေးမှာ ဒီဇင်ဘာ ၁၂ ရက်နံနက်ပိုင်းကစတင်ခဲ့ပြီး ဒီဇင်ဘာ ၁၃ ရက်နေ့လည်ပိုင်းမှသာ အဆုံးသတ်နိုင်ခဲ့သည်။

အလားတူ ယင်း အတ္တလန္တိတ် ရေပြင်အတွင်းရှိ ငါးကွပ်ရှပ် ငါးမျိုးစိတ်များ၏ အရေအတွက် ကျဆင်းနေခြင်းမှလည်း ကာကွယ်နိုင်မည့် အစီအစဉ် တစ်ခုအပေါ်တွင်လည်း အီးယူ၏ စိုက်ပျိုးရေးနှင့် ငါးလုပ်ငန်းကောင်စီက အတည်ပြုပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags