ဒိုင်လူကြီးများကို အာစင်ဝင်းဂါးအမြဲပြစ်တင်သည်ဟု ရော်နယ်ကိုးမန်းပြော

ဒိုင်လူကြီးများကို အာစင်ဝင်းဂါးအမြဲပြစ်တင်သည်ဟု ရော်နယ်ကိုးမန်းပြော

ဒီဇင်ဘာ ၁၄၊ လီဗာပူးလ်။            ။ အာဆင်နယ်က အဲဗာတန်အသင်းကို ၂-၁ ဂိုးဖြင့်ရှုံးသည့်ပွဲတွင် ဒိုင်လူကြီးမာ့ခ်ကလက်တန်ဘာ့ဂ်၏ အမှားတစ်ခုကို အာစင်ဝင်းဂါးက ပြစ်တင်ခဲ့ခြင်းကို အဲဗာတန်နည်းပြရော်နယ်ကိုးမန်းက မကြည်မလင်ဖြစ်နေပြီး အာဆင်နယ်နည်းပြသည် ဒိုင်များကိုဆင်ခြေတစ်ခုအဖြစ်အသုံးပြုနေသည်ဟု ပြောဆိုလိုက်သည်။

အာဆင်နယ်အသင်းသည် ပွဲပြီးခါနီးတွင် ဂျာဂျီရယ်ကာထုတ်ခံရသည့် အဲဗာတန်အသင်းကို ဦးဆောင်ဂိုးသွင်းနိုင်သော်လည်း ပွဲအပြီးတွင် ရှုံးနိမ့်ခဲ့သဖြင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ရောက်မည့် အခွင့်ရေးကိုလက်လွှတ်ခဲ့ရသည်။

အာဆင်နယ်အသင်း၏ ရှုံးပွဲမှာ ရာသီအဖွင့်ပွဲတွင် ရှုံးနိမ့်ပြီးနောက် ဒုတိယမြောက် ပရီးမီးယားလိဂ်ရှုံးပွဲလည်း ဖြစ်ခဲ့သည်။

ပွဲချိန် ၈၆ မိနစ်တွင် အက်ရှ်လေဝီလျံခေါင်းတိုက်သွင်းယူသည့် အနိုင်ဂိုးကိုဖြစ်စေသော ထောင့်ကန်ဘောမှာ ဒိုင်များက မှားယွင်းစွာပေးခဲ့ခြင်းဟု အာစင်ဝင်းဂါးက ပြောသည်။

“ထောင့်ကန်ဘောမဟုတ်ပါဘူး။ ကျွန်တော်တို့ဘက်ကကြည့်ရင် ထောင့်ကန်ဘောမဟုတ်တာကို မြင်နိုင်ပါတယ်။ ကျွန်တော်တို့ ဟာ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေနဲ့ ရှင်သန်နေရပြီး ရှင်းလည်းမပြနိုင်ခဲ့ဘူး။

ကလက်တန်ဘာ့ဂ်ဟာ ဘောလုံးထွက်သွားတာကိုမြင်နိုင်တဲ့နေရာကောင်းမှာရှိနေတာပါ။ ကျွန်တော်တကယ်စိတ်ပျက်ရပါတယ်။ ဒီရာသီမှာ ဒီလိုဆုံးဖြတ်ချက်တွေကြောင့် ကံဆိုးခဲ့တာ တစ်ကြိမ်မကတော့ပါဘူး။ ဒိုင်တွေအကြောင်း အများကြီးတော့ မပြောချင်ဘူး။ ကျွန်တော့်ပြဿနာမဟုတ်လို့ပါ ”ဟု အာစင်ဝင်းဂါးက ပြောသည်။

သို့သော်အဲဗာတန်နည်းပြကိုးမန်းက ဝင်းဂါးသည် ရှုံးနိမ့်မှုအတွက် ဒိုင်များကိုအပြစ်ဖို့သည်အကျင့်ရှိသူဟု တုန့်ပြန်ပြောဆိုခဲ့သည်။

“ဝင်းဂါးရဲ့ မှတ်ချက်ကို မအံ့သြပါဘူး။ ဒါက ကျွန်တော်သူ့ကို အိမ်ကွင်းမှာ သုံးကြိမ်မြောက်အနိုင်ရတာဖြစ်ပြီး ဒိုင်တွေနဲ့ပတ်သက် ပြီး သူပြောတာ သုံးကြိမ်မြောက်လည်းဖြစ်ပါတယ်”ဟု ကိုးမန်းက ဆိုသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags