ရှန်ဟိုင်းအက်စ်အိုင်ပီဂျီသို့ ပေါင် ၅၂ သန်းဖြင့် အော်စကာပြောင်းရွှေ့တော့မည်

ရှန်ဟိုင်းအက်စ်အိုင်ပီဂျီသို့ ပေါင် ၅၂ သန်းဖြင့် အော်စကာပြောင်းရွှေ့တော့မည်

ဒီဇင်ဘာ ၁၄၊ လန်ဒန်။           ။ ချယ်လ်ဆီးကွင်းလယ်ကစားသမား အော်စကာသည် ဇန်နဝါရီတွင် တရုတ်ကလပ် ရှန်ဟိုင်းအက်စ်အိုင်ပီဂျီသို့ ပေါင် ၅၂ သန်းဖြင့် ပြောင်းတော့မည်ဟု   ဒေးလီးမေးလ်သတင်းတွင်ဖော်ပြထားသည်။

တရုတ်စူပါလိဂ်အသင်းတစ်သင်းကခေါ်ယူသည့် စျေးအကြီးဆုံးကစားသမားဖြစ်လာတော့မည့် အော်စကာသည် ချယ်လ်ဆီး အသင်းနည်းပြဟောင်း ဘိုအာ့စ်နှင့် ဆုံဆည်းရမည်ဖြစ်သည်။

အော်စကာသည် နည်းပြကွန်တီ၏မျက်နှာသာပေးခြင်းမခံရဘဲ လက်ရှိရာသီတွင် ၁၁ ပွဲကစားထားသော်လည်း ပရီးမီးယားလိဂ်၌ ပွဲထွက်ခွင့်မရသည်မှာ စက်တင်ဘာလလယ်ကတည်းက ဖြစ်သည်။

ဘရာဇီးတိုက်စစ်မှူး ဟော့ခ်သည် ဇွန်လတွင် ဇင်းနစ်မှ တစ်ပတ်လုပ်ခ ပေါင် ၃၂၀ ၀၀၀၊ ပြောင်းရွှေ့ကြေးပေါင်း ၄၇ သန်းဖြင့် ပြောင်းလာစဉ်က ရှန်ဟိုင်းအက်စ်အိုင်ပီဂျီအသင်း၏ စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်ခဲ့သည်။ သို့သော် ယင်းကစားသမား၏ စံချိန်ကို တစ်နိုင်ငံတည်းသား အော်စကာက ကျော်ဖြတ်တော့မည်ဖြစ်သည်။

အသက် ၂၅ နှစ်အရွယ်ကစားသမားသည် ၂၀၁၂ တွင်ချယ်လ်ဆီးအသင်းသို့ရောက်လာကတည်းက ပုံမှန်ပွဲထွက်ခွင့်ရခဲ့သော် လည်း ကွန်တီလက်ထက်တွင် ပွဲထွက်ခွင့်ပျောက်နေပြီး လီဗာပူးလ်ကို ၂-၁ ဖြင့်ရှုံးသည့် နောက်ပိုင်းကတည်းက ပရီးမီးယားလိဂ် ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့ရသည်။

လွန်ခဲ့သည့်လေးနှစ်ခွဲက အော်စကာကို ဘရာဇီးကလပ် အင်တာနာစီယွန်နယ်အသင်းထံမှ ခေါ်ယူစဉ် ချယ်လ်ဆီးအသင်း ပေါင် ၁၉ သန်းကုန်ကျခဲ့သည်။ ယခုအခါပြန်လည်ရောင်းချပြီးနောက် လာမည့်အပြောင်းအရွှေ့ကာလနှစ်ခုအတွင်း နောက်တန်းကို ကွန်တီက အားဖြည့်ရန်ပြင်ဆင်နေသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags