အလီပိုမြို့က သူပုန်များ ထွက်ခွာရန် သဘောတူ၍ တိုက်ပွဲများ ရပ်

အလီပိုမြို့က သူပုန်များ ထွက်ခွာရန် သဘောတူ၍ တိုက်ပွဲများ ရပ်

အလီပို၊ ဒီဇင်ဘာ ၁၄ ။              ။ ဆီးရီးယားနိုင်ငံ အလီပိုအရှေ့ခြမ်းတွင် တိုက်ပွဲများ အဆုံးသတ်ပြီဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှသံအမတ်ကြီး ဗီတယ်လေးချက်ကင်းက ပြောသည်။

သူပုန်များထိန်းချုပ်ထားသော နောက်ဆုံးမြို့ဧရိယာနယ်မြေကို ဆီးရီးယားအစိုးရတပ်များက ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

သူပုန်များက မြို့က ထွက်ခွာရန် သဘောတူညီမှုကိုလည်း ရရှိထားကြောင်း ၎င်းက ဆက်လက်ပြောသည်။ သူပုန်များဖက်ကလည်း ယင်းသဘောတူညီမှုကို အတည်ပြုသော်လည်း အရပ်သားများကိုပါ တစ်ခါတည်း ထွက်ခွာခွင့်ပြုရမည်ဟု ဆိုသည်။

ယခုနောက်ဆုံးအခြေအနေအရ လူထောင်ပေါင်းများစွာ သေဆုံးသည့် အမျိုးမျိုးသော စစ်ပွဲများ လေးနှစ်ကျော်ကာလ ပြီးဆုံးခြင်းသို့ ရောက်ရှိတော့မည်ဖြစ်သည်။

စစ်မြေပြင်ရောက် သတင်းထောက်များက ကုန်လွန်ခဲ့သည့် အချိန်များ၌ ဗုံးခွဲတိုက်ခိုက်မှုများ၊ တိုက်ပွဲများ ဖြစ်ပွားသည်ကို မတွေ့ရကြောင်း ပြောသည်။

ပြီးခဲ့သည့်လများအတွင်း ရုရှလေကြောင်းပစ်ကူမှုဖြင့် အဓိကအစိုးရထိုးစစ်များအားဖြင့် သူပုန်များက မြို့၏ နေရာအနည်းငယ်တွင်သာ ခြေကုပ်ယူ ခုခံနေခဲ့ရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags