အလက်ပိုမြို့တိုက်ပွဲ အဆုံးသတ်ရန်နီးစပ်လာသောကြောင့် အသက်အိုးအိမ်စည်းစိမ်များကို ချမ်းသာပေးရန် မေတ္တာရပ်ခံ

အလက်ပိုမြို့တိုက်ပွဲ အဆုံးသတ်ရန်နီးစပ်လာသောကြောင့် အသက်အိုးအိမ်စည်းစိမ်များကို ချမ်းသာပေးရန် မေတ္တာရပ်ခံ

ဆီးရီးယားနိုင်ငံအလက်ပိုမြို့တွင် တိုက်ပွဲများ အဆုံးသတ်ရန ်နီးစပ်လာသောကြောင့် ကမ္ဘာ့ကုလသမဂ္ဂနှင့် ကြက်ခြေနီတို့မှ ပြည်သူပြည်သားများ၏ အသက်အိုးအိမ်စည်းစိမ်ကို ချမ်းသာပေးရန် မေတ္တာရပ်ခံခဲ့ကြပါသည်။ ပြည်သူများဟာ ထွက်ပြေးဖို့လုံခြံုတဲ့နေရာ မရှိသလောက်ကို ဖြစ်နေပါပြီလို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီက ပြောခဲ့ပါသည်။

ဒါ့အပြင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ပြည်သူ ပြည်သားများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ရပ်တန့်ရန် သတိပေးခဲ့ပါသည်။ အစိုးရတပ်မှ ထိုးစစ်ဆင်မှုကို မြှင့်တင်သင့်အနေဖြင့် အမြောက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသော သူပုန်တွေ ထိန်းချုပ်ထားရာနေရာဒေသမှာ ထောင်နဲ့ချီသော ပြည်သူတွေဟာ ပိတ်မိနေကြပါသည်။

နယူးယောက်တိုင်း၏ သတင်းပေးပို့ချက်အရ နေထိုင်သူအချို့ဟာ စွန့်ပစ်ထားသော အဆောက်အဦများနှင့် မိုးသည်းနေသော လမ်းမတွေပေါ်မှာ စုပြံုနေထိုင်နေရပြီး ဗုံးကြဲမှုဒဏ်မှ လွတ်ကင်းအောင် အကာအကွယ်ယူနိုင် ရန်မစွမ်းသာပဲဖြစ်နေပါတယ်လို့ သိရပါသည်။

White Helmets လို့လူသိများတဲ့ စေတနာ့ဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့နဲ့ အခြားအကူအညီပေးနေတဲ့ အဖွဲ့သုံးဖွဲ့ ၏ အဆိုအရ ပြည်သူများဟာ သူတို့ရဲ့ အသက်အတွက် ကြောက်ရွ့ံထိတ်လန့်နေကြပြီး ထိုနေရာမှ ထွက်ပြေးဖို့ ဘေးကင်းသော လမ်းကြောင်းတစ်ခုအတွက် အသနားခံနေကြတယ်လို့ သိရပါသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly