အီတလီဝန်ကြီးချုပ်သစ်အဖြစ် ပေါ်လိုဂျန်တယ်လိုနီ ကျမ်းသစ္စာကျိန်ဆို

အီတလီဝန်ကြီးချုပ်သစ်အဖြစ် ပေါ်လိုဂျန်တယ်လိုနီ ကျမ်းသစ္စာကျိန်ဆို

ဒီဇင်ဘာ ၁၃ ။             ။ အီတလီဝန်ကြီးချုပ်သစ်ဖြစ်လာခဲ့သူ ပေါ်လိုဂျန်တယ်လိုနီ၏ ကျမ်းသစ္စာကျိန်ဆိုမှုကို  ဒီဇင်ဘာ ၁၂ ရက်က ပြုလုပ်ခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ၀န်ကြီးချုပ်သစ် ပေါ်လိုဂျန်တယ်လိုနီက ၎င်း၏ အစိုးရအဖွဲ့ ဖွဲ့စည်းမှုအကြောင်းကို ထုတ်ဖော်ခဲ့ပြီးနောက်တစ်နာရီအကြာ သမ္မတ ဆာဂျီယို မက်တာရယ်လာ၏ ရှေ့မှောက်၌ ကျမ်းသစ္စာ ကျိန်ဆို သွားခဲ့သည်။

အဆိုပါ အခမ်းအနားကို ဒီဇင်ဘာ ၁၂ ရက်နံနက် ၈ နာရီက ရောမမြို့ရှိ သမ္မတအိမ်တော်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

" နိုင်ငံအပေါ်မှာ ကျွန်တော်သစ္စာရှိသွားမှာဖြစ်ပြီး ဖွဲ့စည်းပုံနဲ့ ဥပဒေတွေကို လိုက်နာစောင့်သိပါမယ်လို့ ကျွန်တော်ကျိန်ဆိုပါ့မယ်၊ နိုင်ငံရဲ့အကျိုးအတွက် ကျွန်တော်အစွမ်းကုန်ထမ်းဆောင်သွားပါမယ်" ဟု ဂျန်တယ်လိုနီက ပြောကြားသွားပါတယ်။

၀န်ကြီးချုပ်သစ်ဖြစ်လာသူ ဂျန်တယ်လိုနီ၏အစိုးရအဖွဲ့တွင် ၀န်ကြီး ၁၈ ဦးပါ၀င်နေပြီး ယခင်ဝန်ကြီးချုပ်ဟောင်း ရန်ဇီ၏ အစိုးရအဖွဲ့ထက် ၀န်ကြီးနှစ်ဦး ပိုမိုများပြားနေသည်။ အလားတူ ၀န်ကြီးဌာန ငါးခုကို အမျိုးသမီးဝန်ကြီးများက ကိုင်တွယ်သွားမည်ဖြစ်ကြောင်း သိရသည်။

၀န်ကြီးအများစုမှာ ယခင်ဝန်ကြီးချုပ်ဟောင်း ရန်ဇီလက်ထက်က အလားတူနေရာများတွင် တာဝန်ထမ်းဆောင်နေကြသူများသာ ဖြစ်ပြီး ဂျန်တယ်လိုနီက ပြည်ထဲရေး၊ ပညာရေးနှင့်   နိုင်ငံခြားရေးဝန်ကြီးဌာနများတွင် အပြောင်းအလဲများ ပြုလုပ်ထားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly