ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အသစ် ဂူတာရက်စ် ကျမ်းသစ္စာကျိန်ဆို

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အသစ် ဂူတာရက်စ် ကျမ်းသစ္စာကျိန်ဆို
(ဓာတ်ပုံ - အီးပီအေ)

ပေါ်တူဂီဝန်ကြီးချုပ်ဟောင်း အန်တိုနီယို ဂူတာရက်စ်က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ဒီဇင်ဘာ ၁၂ ရက် တနင်္လာနေ့က ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ကုလရဲ့ ရ၁ နှစ်တာ သမိုင်းမှာ ၉ ယောက်မြောက် အကြီးအကဲဖြစ်လာပါတယ်။

အသက် ၆၇ နှစ်အရွယ် ဂူတာရက်စ်ဟာ ၁၉၉၅-၂၀၀၂ ခုနှစ်အထိ ပေါ်တူဂီရဲ့ ဆိုရှယ်လစ်ဝန်ကြီးချုပ် တစ်ဦးအဖြစ် အမှုထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ် ဇွန်လမှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအထိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးအဖြစ် ဦးဆောင်ခဲ့ပါတယ်။

ဂူတာရက်စ်က ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်ပြီး ကုုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ဘန်ကီမွန်းနေရာကို ဆက်ခံပြီးသွားမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဥက္ကဋ္ဌ ပီတာသွန်မ်ဆင်ရဲ့ ဦးဆောင်မှုဖြင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို ကိုင်ဆောင်ပြီး ဂူတာရက်စ်က ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံကို အမှာစကားပြောကြားခဲ့ပါတယ်။

Ref; Fox News

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly