ယူရိုပါလိဂ် ၃၂ သင်းအဆင့်တွင် မန်ယူအသင်း ပြင်သစ်ကလပ် စိန့်အက်တီနီနှင့်တွေ့ဆုံ

ယူရိုပါလိဂ် ၃၂ သင်းအဆင့်တွင် မန်ယူအသင်း ပြင်သစ်ကလပ် စိန့်အက်တီနီနှင့်တွေ့ဆုံ

ဒီဇင်ဘာ ၁၂၊ ဆွစ်ဇာလန်။               ။ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် မဲခွဲပွဲအပြီးတွင် ယူရိုပါလိဂ် ၃၂ သင်းအဆင့် မဲခွဲပွဲကို ဆက်လက်ကျင်းပခဲ့ရာ အင်္ဂလန်ထိပ်သီးကလပ် မန်ယူအသင်းမှာ ပြင်သစ်ကလပ် စိန့်အက်တီနီအသင်းနှင့် တွေ့ဆုံခဲ့သည်။

အခြားပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းဖြစ်သည့် စပါးမှာမူ ဘယ်လ်ဂျီယံကလပ် ဂျန့်အသင်းနှင့်တွေ့ဆုံလျက်ရှိသည်။ ခြေစွမ်းခြေစရှိသော အသင်းကြီးအချင်းချင်းထိပ်တိုက်တွေ့ဆုံမှုအဖြစ် စပိန်ကလပ်ဗီလာရီးယဲလ်နှင့် အီတလီကလပ်ရိုးမား၊ ဂျာမနီကလပ် မိုချင်ဂလတ်ဘတ်နှင့် စီးရီးအေကလပ် ဖီအိုရင်တီးနား၊ အယ်လ်ခမာနှင့်လိုင်ယွန်၊ ဆယ်လ်တာဗီဂိုနှင့် ရှက်တာဒိုးနက်တို့ တွေ့ဆုံနေကြသည်။

အခြားအသင်းကြီးများဖြစ်သော ရှော်လ်ကေး၊ ဘီဆစ်တပ်စ်၊ ဖီနာဘာချီ၊ ဇင်းနစ်၊ အေဂျက်ဇ်နှင့် ဘီလ်ဘာအိုအသင်းတို့မှာ သာမန်အသင်းကောင်းများဖြင့်သာ တွေ့ဆုံနေကြသည်။

ယူရိုပါလိဂ် ၃၂ သင်းအဆင့်ပွဲစဉ်များ၏ ပထမအကျော့ပွဲစဉ်များကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ကစားမည်ဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်များကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ကစားသွားမည် ဖြစ်သည်။

ယူရိုပါလိဂ် ၃၂ သင်းအဆင့် ပွဲစဉ်များ

ဘီလ်ဘာအို(စပိန်) - အေပိုးလ်(ဆိုက်ပရပ်စ်)

လီဂါ၀ါဆော(ပိုလန်) - အေဂျက်ဇ်(ဟော်လန်)

အန်ဒါလက်ချ်(ဘယ်လ်ဂျီယံ) - ဇင်းနစ်(ရုရှ)

အက်စ်ထရာ(ရိုမေးနီးယား) - ဂန့်(ဘယ်လ်ဂျီယံ)

မန်ယူ(အင်္ဂလန်) - စိန့်အက်တီနီ(ပြင်သစ်)

ဗီလာရီးယဲလ်(စပိန်) - ရိုးမား(အီတလီ)

လူဒိုဂိုရက်စ်(ဘူလ်ဂေးရီးယား) - ကိုပင်ဟေဂင်(ဒိန်းမတ်)

ဆယ်လ်တာဗီဂို(စပိန်) - ရှက်တာဒိုးနက်(ယူကရိန်း)

အိုလံပီယာကော့စ်(ဂရိ) - အော့စမန်လီစပေါ(တူရကီ)

ဂျန့်(ဘယ်လ်ဂျီယံ) - စပါး(အင်္ဂလန်)

ရော့စတော့(ရုရှ) - စပါတာပရပ်(ချက်)

ခရက်စနိုဒါ(ရုရှ) - ဖီနာဘာချီ(တူရကီ)

မိုချင်ဂလတ်ဘတ်(ဂျာမနီ) - ဖီအိုရင်တီးနား(အီတလီ)

အယ်လ်ခမာ(ဟော်လန်) - လိုင်ယွန်(ပြင်သစ်)

ဟာပိုးဘီယာရှီဗာ(အစ္စရေး) - ဘီဆစ်တပ်စ်(တူရကီ)

ပီအေအိုကေ(ဂရိ) - ရှော်လ်ကေး(ဂျာမနီ)

ရည်ညွှန်း ယူအီးအက်ဖ်အေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly