ဒေါ်နယ်ထရမ့်၏ ထိုင်ဝမ်ပေါ်လစီအပေါ် တရုတ်က အလွန်စိုးရိမ်ပူပန်

ဒေါ်နယ်ထရမ့်၏ ထိုင်ဝမ်ပေါ်လစီအပေါ် တရုတ်က အလွန်စိုးရိမ်ပူပန်

ပေကျင်း၊ ဒီဇင်ဘာ ၁၂ ။            ။ One China ပေါ်လစီ ဆက်လက်လိုက်နာခြင်းအပေါ် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က မလိုလားဟန်များ ပြသခဲ့ရာ အလွန်စိုးရိမ်ပူပန်စရာကောင်းကြောင်း  တရုတ်က ပြောသည်။

ထိုမူဝါဒအရ အမေရိကန်အနေဖြင့် တရုတ်က ၎င်း၏ ပြည်နယ်တစ်ခုအဖြစ် ရှုမြင်ထားသော ထိုင်ဝမ်ကို ဆက်ဆံမှု မပြုဘဲ တရုတ်အား တရားဝင်အစိုးရအဆက်အဆံလုပ်ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၁၁ ရက်က ရုပ်မြင်သံကြား အင်တာဗျူးတစ်ရပ်၌ တရုတ်ဖက်က အလိုက်အထိုက် ဆက်ဆံမှုများ မရှိဘဲ One China ပေါ်လစီ ဆက်လက်ကျင့်သုံးသွားဖို့ အကြောင်းပြချက် မမြင်ကြောင်း ထရမ့်က ပြောခဲ့သည်။

ထိုင်ဝမ်အရေးကိစ္စသည် ထိလွယ်ရှလွယ်သည့် ကိစ္စရပ်ဖြစ်သည်ကို ထရမ့်အနေဖြင့် သိရှိနားလည်ရန် တရုတ်ဖက်က တိုက်တွန်းသည်။

အမေရိကန်နှင့် ဆက်ဆံရေးအတွက် အခြေခံက One China ပေါ်လစီပဲဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ကျန်ရှုအန်းက ပြောခဲ့သည်။

တရုတ်အာဘော် Global Times သတင်းစာက ထရမ့်သည့် ကလေးတစ်ယောက်လိုပင် မသိသားဆိုးဝါးလှသည်ဟု တံဆိပ်ကပ် ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly