မက်ဆီဒိုနီးယား ရွေးကောက်ပွဲ ကွန်ဆာတေးဗစ်ပါတီ ထပ်မံအနိုင်ရ

မက်ဆီဒိုနီးယား ရွေးကောက်ပွဲ ကွန်ဆာတေးဗစ်ပါတီ ထပ်မံအနိုင်ရ

ဒီဇင်ဘာ ၁၂ ။              ။ ဥရောပအရှေ့တောင်ဘက်ခြမ်းမှ နိုင်ငံတစ်နိုင်ငံဖြစ်သည့် မက်ဆီဒိုနီးယားတွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ၌ ၀န်ကြီးချုပ်ဟောင်း Nikola Gruevski ၏ ကွန်ဆာတေးဗစ်ပါတီ အနိုင်ရရှိခဲ့ပြီဖြစ်ကြောင်း ရေတွက်ပြီးစီးထားသည့် မဲရလဒ်များအရ သိရသည်။

 ယခုအခါ ဒီဇင်ဘာ ၁၁ ရက်မဲရွေးတွက်မှုအရ မဲအားလုံး၏ ၉၀ ရာခိုင်နှုန်းထိ ရေတွက်ပြီးစီးသွားခဲ့ပြီဖြစ်သည်။

လက်ရှိအာဏာရ ကွန်ဆာတေးဗစ်ပါတီ VMRO-DPMNE က ယခုရွေးကောက်ပွဲ လက်ရှိမဲရေတွက်ပြီးစီးချိန်အထိ ၃၈ ဒသမ ၃၀ ရာခိုင်နှုန်း ရရှိထားခဲ့ချိန်တွင် အတိုက်အခံပါတီ SDSM က ၃၆ ဒသမ ၃၀ ရာခိုင်နှုန်း ရရှိခဲ့သည်။

" ကျွန်တော်တို့ နောက်တစ်ကြိမ်ထပ်နိုင်ခဲ့ပြန်ပါပြီ၊ မက်ဆီဒိုနီးယား ပြည်သူအားလုံးကို ကျေးဇူးတင်ရှိပါတယ်၊ ဒီကနေ့ညမှာတော့ VMRO-DPMNE ပါတီအတွက် အောင်ပွဲတစ်ခု ထပ်ရခဲ့ပြန်ပါပြီ" ဟု ပါတီ ပြောရေးဆိုခွင့် ရှိသူ Vladimir Gjorchev က ပြောသွားသည်။

ယင်းနိုင်ငံတွင်လက်ရှိအနိုင်ရရှိခဲ့သော ကွန်ဆာတေးဗစ်ပါတီ ခေါင်းဆောင် Nikola Gruevski ၀န်ကြီးချုပ် ဖြစ်ခဲ့စဉ်က အတိုက်အခံ SDSM ပါတီဘက်မှ ဖော်ထုတ်ပြစ်တင်ခဲ့သည့် ပြစ်ချက်တစ်ချို့ကြောင့် ရာထူးမှ နှုတ်ထွက်ခဲ့ရသည်အထိ ဖြစ်ထားခဲ့သော်လည်း ယခုတစ်ကြိမ်တွင် ၎င်းဦးဆောင်သော ပါတီပင် ထပ်မံအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly