အစ္စတန်ဘူလ် ဗုံးခွဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃၈ ဦးအထိ မြင့်တက်လာ

အစ္စတန်ဘူလ် ဗုံးခွဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃၈ ဦးအထိ မြင့်တက်လာ
(ဓာတ်ပုံ - အီးပီအေ)

တူရကီနိုင်ငံ အစ္စတန်ဘူလ်ရှိ Besiktas အားကစားကွင်းအပြင်ဘက်မှာ ဗုံးနှစ်ကြိမ် ပေါက်ကွဲမှုကြောင့် တနင်္ဂနွေနေ့မှာတော့ သေဆုံးသူ ၃၈ ဦးထိရှိလာပြီး ဒဏ်ရာရသူ ၁၃၆ ဦး ရှိခဲ့တယ်လို့ တူရကီပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

သေဆုံးသူ ၃၈ ဦးထဲမှာ ရဲအရာရှိဝန်ထမ်း ၃၀ ဦးပါဝင်ပြီး တိုက်ခိုက်မှုမှာ Kurdistan အလုပ်သမားပါတီက ပြုလုပ်ခဲ့တာဖြစ်ကြောင်း တူရကီပြည်ထဲရေးဝန်ကြီး Suleyman Soylu က ထည့်သွင်းပြောဆိုသွားပါတယ်။

သေဆုံးသွားသူ ရ ဦးမှာ အရပ်သားများဖြစ်ပြီး တခြား တစ်ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်း မခွဲခြားနိုင်သေးကြောင်း တူရကီပြည်ထဲရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

လက်ရှိမှာ ပေါက်ကွဲမှုနှင့် ဆက်စပ်တဲ့ လူ ၁၃ ဦး ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဝန်ကြီးက ပြောဆိုထားပါတယ်။

အစ္စတန်ဘူလ်ရှိ Besiktas အားကစားကွင်း အပြင်ဘက် ကားဗုံးပေါက်ကွဲမှုနဲ့ ဆက်စပ်လို့ ယခင်ကြေညာချက်ထဲမှာတော့ လူ ၁၀ ဦး ဖမ်းဆီးခဲ့တယ်လို့ ဝန်ကြီးက ကြေညာခဲ့ပါတယ်။

ဒဏ်ရာရသူ ၁၅၅ ဦးကို ဆေးရုံတင်ခဲ့ပြီး ၁၄ ဦးကို အဓိကထား စောင့်ရှောက်ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီး Recep Akdag က ပြောပါတယ်။

ပထမအကြိမ် တိုက်ခိုက်မှုမှာ အားကစားကွင်းပြင်ပရှိ အဓိကရုဏ်း နှိမ်းနင်းရေး ရဲတပ်ဖွဲ့တွေရဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်အနီးမှာ ည ရ နာရီ ၂၉ မိနစ် (GMT) အချိန်က ကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

နောက် ၄၅ မိနစ်အကြာမှာ အသေခံတိုက်ခိုက်သူတစ်ဦးက Macka ပန်းခြံအတွင်းရှိ ရဲတပ်ဖွဲ့ အုပ်စုထဲ ဝင်ရောက်ပြီး ကိုယ်တိုင် အသေခံ ဗုံးခွဲတိုက်ခိုက်သွားခဲ့တာဖြစ်ပါတယ်။

Besiktas နှင့် Bursaspor ဘောလုံးပွဲအပြီး ပရိသတ်များ ကွင်းတွင်းမှ ထွက်ခွာပြီးနောက် ၉၀ မိနစ်ခန့်အကြာမှာ ဗုံးနှစ်ဆင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်း -

  1. အစ္စတန်ဘူလ် ဗုံးခွဲတိုက်ခိုက်မှု လူ ၂၉ သေဆုံး၊ ၁၆၆ ဦး ဒဏ်ရာရဟု တူရကီ ပြည်ထဲရေးဝန်ကြီး ပြော
  2. အစ္စတန်ဘူလ်ရှိ ဘောလုံးကွင်းအနီး ဗုံးပေါက်ကွဲမှုကြောင့် လူ ၁၅ ဦး သေဆုံး

© EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly