အစ္စတန်ဘူလ်ရှိ ဘောလုံးကွင်းအနီး ဗုံးပေါက်ကွဲမှုကြောင့် လူ ၁၅ ဦး သေဆုံး

အစ္စတန်ဘူလ်ရှိ ဘောလုံးကွင်းအနီး ဗုံးပေါက်ကွဲမှုကြောင့် လူ ၁၅ ဦး သေဆုံး
(ဓာတ်ပုံ - အီးပီအေ)

တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်ရှိ ဘောလုံးကွင်းအနီးမှာ ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့တာကြောင့် လူ ၁၅ ဦး သေဆုံးပြီး ၆၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ပေါက်ကွဲမှုဟာ ကားဗုံးတစ်ခုနှင့် အသေခံဗုံးခွဲမှုတစ်ခုဖြစ်ဖွယ်ရှိတယ်လို့ ယုံကြည်ရပြီး ရဲအရာရှိများကို ပစ်မှတ်ထားခဲ့တယ်လို့ တူရကီအာဏာပိုင်တွေက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် သေနတ်သံများထွက်ပေါ်လာတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုဟာ ဘောလုံးပရိသတ်များ Besiktas ကွင်းမှ ပြန်သွားပြီးနောက် နှစ်နာရီအကြာမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။

အဓိကမြို့ကြီးများမှာ စစ်သွေးကြွတွေရဲ့ မကြာသေးခင်က တိုက်ခိုက်မှုများကြောင့် လူများစွာ သေဆုံးခဲ့ရတာကို တူရကီနိုင်ငံက ကြံုတွေ့နေရပြီးဖြစ်ပါတယ်။

ယခုတိုက်ခိုက်မှုရဲ့ နောက်ကွယ်ကနေ ဘယ်သူပြုလုပ်တယ်ဆိုတာ ဘယ်အုပ်စုကမှ ပြောကြားထားတာ မရှိပေမယ့် ဒီနှစ်အတွင်း တူရကီမှာ ဗုံးခွဲမှု ဂယက်ထမှုကို Kurdish စစ်သွေးကြွများနှင့် IS လို့ခေါ်တဲ့ အဖွဲ့များက လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်း -

  1. အစ္စတန်ဘူလ် ဗုံးခွဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃၈ ဦးအထိ မြင့်တက်လာ
  2. အစ္စတန်ဘူလ် ဗုံးခွဲတိုက်ခိုက်မှု လူ ၂၉ သေဆုံး၊ ၁၆၆ ဦး ဒဏ်ရာရဟု တူရကီ ပြည်ထဲရေးဝန်ကြီး ပြော

Ref; BBC Sports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly