သမ္မတ ပတ်ဂွန်ဟေး အာဏာလက်လွှတ်လိုက်ရ၍ တောင်ကိုရီးယား၌ ပျော်ပွဲရွှင်ပွဲများ ကျင်းပ

သမ္မတ ပတ်ဂွန်ဟေး အာဏာလက်လွှတ်လိုက်ရ၍ တောင်ကိုရီးယား၌ ပျော်ပွဲရွှင်ပွဲများ ကျင်းပ

ဆိုးလ်၊ ဒီဇင်ဘာ ၁၀ ။                 ။ တောင်ကိုရီးယားနိုင်ငံတွင် ပြည်သူထောင်ပေါင်းများစွာက သမ္မတ ပတ်ဂွန်ဟေး အာဏာလက်လွှတ်လိုက်ရပြီဖြစ်၍ ဆိုးလ်မြိို့တော်အတွင်း ပျော်ပွဲရွှင်ပွဲများ  ကျင်းပလျက်ရှိနေသော်လည်း နိုင်ငံရေး မရေမရာဖြစ်မှုကာလ ကြာမြင့်မည်ကို စိုးရိမ်မှုများလည်း ရှိနေသည်။

ဒီဇင်ဘာ ၉ ရက်က လွှတ်တော်၌ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံဖြင့် လူထုမကြိုက်သော ပတ်ဂွန်ဟေးကို ဖြုတ်ချနိုင်မည့် ဥပဒေအား တစ်ခဲနက်မဲပေးလိုက်ပြီးနောက် ဆိုးလ်မြို့တော်အတွင်း
သီတင်းခုနစ်ပတ်မြောက်အဖြစ် ဆန္ဒပြသသည့် လူစုလူဝေးသည် မကျေနပ်ဒေါသများမှ ပျော်ရွှင်မှုဆီ ပြောင်းလဲသွားခဲ့သည်။

လွှတ်တော်မဲအရ ပတ်ဂွန်ဟေးထံမှ လုပ်ပိုင်ခွင့်အာဏာများ ရုပ်သိမ်းလိုက်သော်လည်း ၎င်းအပေါ် အရေးယူနိုင်မှုက ဖွဲ့စည်းပုံခုံရုံး၏ အတည်ပြုချက်လိုဦးမည်ဖြစ်ကာ ယင်းလုပ်ငန်းစဉ်ကလည်း လများစွာ အချိန်ယူ လုပ်ဆောင်ရမည်ဖြစ်သည်။

ပတ်ဂွန်ဟေးက ချက်ချင်းနုတ်ထွက်ကာ ဥပဒေအရ ရင်ဆိုင်ရန် အလျှော့မပေးပဲ အများစုက တောင်းဆိုမြဲဖြစ်သည်။

“ပတ်ဂွန်ဟေး နုတ်ထွက်ဖို့ လိုလားနေတုန်းပဲ။”ဟု ကြွေးကြော်ကြကာ“ပတ်ဂွန်ဟေး လုံးလုံး နုတ်ထွက်သွားပြီးမှ ခရစ္စမတ်ပွဲမှာ ဝင်ဆင်နွှဲမယ်။”ဟု ခရစ္စမတ်သီချင်းကို စာသားပြောင်းလျက် စုရုံးလျက်ရှိသည့် ထောင်ပေါင်းများစွာသော ဆန္ဒပြသူများက သီဆိုကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly