ဘူဂေးရီးယားတွင် လောင်စာဓာတ်ငွေ့တင် ရထား တိမ်းမှောက်ပေါက်ကွဲမှုဖြစ်

ဘူဂေးရီးယားတွင် လောင်စာဓာတ်ငွေ့တင် ရထား တိမ်းမှောက်ပေါက်ကွဲမှုဖြစ်

ဆိုဖီယာ၊ ဒီဇင်ဘာ ၁၀ ။               ။ ဘူဂေးရီးယားနိုင်ငံတွင် လောင်စာဓာတ်ငွေ့တင်ရထား လမ်းချော်တိမ်းမှောက်ရာမှ ပေါက်ကွဲမှုဖြစ်၍ အနည်းဆုံးလူ လေးဦး သေဆုံးသည်။

နိုင်ငံအရှေ့မြောက်ပိုင်း ရှမ်မန်းပြည်နယ်တွင်ရှိသည့် လူဦးရေ ၈၀၀ ဝန်းကျင်နေထိုင်သော ဟီထရီနိုမြို့ငယ်အတွင်း ဖြစ်ပွားခြင်းဖြစ်ကာ မီးလောင်ဒဏ်ရာများကြောင့် ဆေးရုံ တင်ပို့ကုသရသူပေါင်း ၂၀ ထက်မနည်းရှိပြီး ဒဏ်ရာရသူများကြောင်း ဒေသတွင်း သတင်းဌာနက ဖော်ပြသည်။

မီးတောက်များကို မီးသတ်သမားများ ငြိမ်းသတ်နေစဉ် အနီးနားရှိ ဒေသခံများအား ဘေးလွတ်ရာသို့ အာဏာပိုင်များက ရွှေ့ပြောင်းခိုင်းထားသည်။

ရထားလမ်းချော်ကာ တိမ်းမှောက်ပြီး ပေါက်ကွဲကြောင့် ထိခိုက်ပျက်စီးသည့် အဆောက်အအုံပေါင်းလည်း ၂၀ ထက်မနည်းရှိကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

ဒေသစံတော်ချိန် ငါးနာရီခွဲခန့်၌ အဆိုပါ မြို့အနီး ရထားက လမ်းချော်ကာ တွဲနှစ်တွဲက ဓာတ်တိုင်တစ်ခုအား ဝင်တိုက်ပြီး ပေါက်ကွဲခြင်းဖြစ်ကြောင်း သတင်းဌာနအချို့က ဖော်ပြသည်။

“ပေါက်ကွဲမှု နှစ်ရပ်ဖြစ်ပြီးတော့ ပြင်းပြင်းထန်ထန် မီးလောင်တယ်။ အနားက အဆောက်အအုံတွေလည်း ၂၀ သာသာ ပျက်စီးတယ်။”ဟု ပြည်ထဲရေးဝန်ကြီး ဂျော့ဂျီကိုစတော့ဗ်က  ရိုက်တာသတင်း ဌာနသို့ ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags