ဆီးရီးယား အစိုးရတပ်မှ အလက်ပိုမြို့ တိုက်ပွဲများကို ဆိုင်းငံ့ထား

ဆီးရီးယား အစိုးရတပ်မှ အလက်ပိုမြို့ တိုက်ပွဲများကို ဆိုင်းငံ့ထား

ဒီဇင်ဘာ ၉ ။                ။ ဆီးရီးယားအစိုးရစစ်တပ်ဟာ အလက်ပိုမြို့အရှေ့ပိုင်းတွင် တိုက်ခိုက်ထိုးစစ်ဆင်မှုများကို ဆိုင်းငံ့ထားလိုက်ပြီ ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ် က ပြောခဲ့ပါသည်။

အဆိုပါဆိုင်းငံ့ခြင်းမှာ အလက်ပိုမြို့တွင်းရှိ တိုက်ပွဲဖြစ်ရာဒေသများတွင် ပိတ်မိနေသော အရပ်သားများထွက်ပြေး လွတ်မြောက်ရန်အတွက်ဖြစ်ပြီး လူပေါင်း၈၀၀၀လောက်ကို ခေါ်ထုတ်ပြီးဖြစ်တယ်လို့ မစ္စတာလက်ဗ်ရော့ဗ်က ပြောခဲ့ပါသည်။

မကြာသေးခင်ရက်သတ္တပတ်များက အစိုးရစစ်တပ်တွေဟာ ၄နှစ်ကြာလောက် သူပုန်တွေထိန်းချုပ်ထားခဲ့သော အလက်ပိုမြို့ရဲ့နေရာ ရ၅ရာခိုင်နှုန်းလောက်ကို ပြန်လည်သိမ်းပိုက်ခဲ့ပြီးပြီ ဖြစ်ပါသည်။ အလက်ပိုမြို့ရှိဘီဘီစီ သတင်းထောက်တစ်ဦးကတော့ တိုက်ပွဲတွေဟာ လျော့ပါးသွားပြီဆိုပေမယ့်လည်း လုံးဝဥသုန်ရပ်တန့်သွားမည့် အရိပ်အယောင်တော့မရှိသေးပါဘူး လို့ပြောကြားခဲ့ပါသည်။

လက်ရှိ အရိပ်အခြေအနေ အရတော့ ကောင်းမွန်သော ရလာဒ်တွေဟာ ဖြစ်ပေါ်လာဖို့ရှိပေမယ့် ကျနေ်ာတို့ဟာ ဆက်လက်စောင့်ဆိုင်းပြီး အဆိုပါဒေသမှာ အမှန်တကန်ပြောင်းလဲမှုဖြစ် မဖြစ်ကို အလေးအနက်စဉ်းစားသွားမှာ ဖြစ်ပါတယ်လို့ အိမ်ဖြူတော်ရဲ့ပြောရေးဆိုခွင့်ရှိသူ ဂျော့ရှ်အားနက်စ်က ပြောခဲ့ပါသည်။ ဆက်လက်ပြီး ကျနေ်ာ တို့ရဲ့ယခုအခြေအနေအပေါ်ချဉ်းကပ်ပုံကတော့ ရုရှားနိုင်ငံက ဘယ်လိုပြောဆိုသလဲဆိုတာကို နားထောင်သွားဖို့ ဖြစ်ပေမယ့် သူတို့ရဲ့လုပ်ဆောင်ချက်တွေကိုလည်း စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသွားမည် ဖြစ်ကြောင်းကိုလည်း မစ္စတာအားနက်စ်က   ပြောကြားခဲ့ပါသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly