အိန္ဒိယမှ သြဇာတိက္ကမရှိသော သူဌေးကြီးဖြစ်သူ ဗီဂျေးမားလ်ရာ၏ ပိုင်ဆိုင်မှုများစာရင်း ဟက်ခံလိုက်ရ

အိန္ဒိယမှ သြဇာတိက္ကမရှိသော သူဌေးကြီးဖြစ်သူ ဗီဂျေးမားလ်ရာ၏ ပိုင်ဆိုင်မှုများစာရင်း ဟက်ခံလိုက်ရ

ဒီဇင်ဘာ ၉ ။               ။ အိန္ဒိယမှ သြဇာတိက္ကမရှိသောသူဌေးကြီးဖြစ်သူ ဗီဂျေးမားလ်ရာ၏ တွစ်တာအကောင့်ဟာ ဟက်ကာအုပ်စုရဲ့ နှောင့်ယှက်ခြင်းကိုခံလိုက်ရပြီး သူ၏တွစ်တာအကောင့်မှာ သူပိုင်ဆိုင်သော တန်ဖိုးရှိစာရင်းများ၏ အကောင့် နှင့်လျှို့ဝှက်နံပါတ်များ အီးမေးလ်အကောင့်များ အသေးစိတ်ဖော်ပြခြင်းကို ခံခဲ့ရပါသည်။

“The Legion”ဟုအမည်ပေးထားသော ဟက်ကာအဖွဲ့ဟာ သူဌေးကြီးမားလ်ရာ ရှိနေသည်ဟုဆိုသောလန်ဒန်မှ လိပ်စာကိုလည်းတွစ်တာပေါ်၌တင်ခဲ့ပါသည်။ လက်ရှိအချိန်မှာ သူဌေးကြီးမားလ်ရာဟာ ငွေမဲခဝါချမှုနှင့် ပက်သက်၍စုံစမ်းစစ်ဆေးခြင်းကိုလည်းခံနေရပါသည်။

မစ္စတာမားလ်ရာဟာ ယခုနှစ်မတ်လကတည်းက ဗြိတိန်မှာရှိနေခဲ့တာဖြစ်ပါသည်။အိန္ဒိယနိုင်ငံဟာ နိုင်ငံတော် တရားရုံးမှ မစ္စတာမားလ်ရာအားဖမ်းဆီးရန် ၀ရမ်းထုတ်ပြန်ခဲ့ပြီးနောက် သူ့ရဲ့ပတ်စ်ပို့ကိုပြန်လည်ရုပ်သိမ်းခဲ့ပြီး ဗြိတိန်နိုင်ငံမှပြည်နှင်ဒဏ်ပေးရန် လွန်ခဲ့သောမေလတုန်းက တောင်းဆိုခဲ့ပါသည်။

သူ၏ဟက်ခံရသော တွစ်တာအကောင့်တွင် သူပိုင်ဆိုင်သော ပိုင်ဆိုင်မှု အကောင့်စာရင်းများနှင့် ဇိမ်ခံကားများကိုလည်း ပို့စ်တင်ခဲ့ပြီး သက်တမ်းကာလ အကန့်အသတ်မရှိ နေထိုင်ခွင့်ပါမစ်ဟု ယူဆရသည့် ဓာတ်ပုံကိုလည်း တင်ခဲ့ပါသည်။ ယခုတင်ပြလိုက်သော အချက်အလက်များဟာ နမူနာသာ ရှိသေးပြီး ဒီထက်ပိုမိုပြည့်စုံသော အချက်အလက်များကို ဆက်လက် ထုတ်ပြသွားမည်ဖြစ်ကြောင်း အဆိုပါ ဟက်ကာအဖွဲ့က ပြောခဲ့ပါသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly