ကမ္ဘာဂြိုဟ်ပတ်လမ်းအတိုင်း ပတ်နိုင်ခဲ့သည့် ပထမဆုံးသော အမေရိကန်အာကာသယာဉ်မှူး ကွယ်လွန်

ကမ္ဘာဂြိုဟ်ပတ်လမ်းအတိုင်း ပတ်နိုင်ခဲ့သည့် ပထမဆုံးသော အမေရိကန်အာကာသယာဉ်မှူး ကွယ်လွန်

ဒီဇင်ဘာ ၉ ။              ။ ကမ္ဘာဂြိုလ်ကို အာကာသပတ်လမ်းအတိုင်း ပတ်နိုင်ခဲ့သည့် ပထမဦးဆုံးသော အမေရိကန် အာကာသယာဉ်မှူး ဂျွန်ဂလင်း ဒီဇင်ဘာ ၈ ရက်က ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ကွယ်လွန်ချိန်တွင် အသက် ၉၅ နှစ်ရှိပြီဖြစ်ပြီး အိုဟိုင်းယိုးပြည်နယ် ကိုလံဘတ်စ်မြို့တွင်ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန် အာကာသယာဉ်မှူး ဂျွန်ဂလင်းမှာ နိုင်ငံတွင် ဟီးရိုးတစ်ဦးအဖြစ် ဂုဏ်ပြုသတ်မှတ်ခံထားရသူဖြစ်သကဲ့သို့ ဆီးနိတ်တာတစ်ဦးအဖြစ် ၂၄ နှစ်ကြာ တာဝန်ယူပြီး ထင်ရှားသည့်နိုင်ငံရေးသမားတစ်ဦးလည်း ဖြစ်လာခဲ့သူတစ်ဦး ဖြစ်သည်။

မစ္စတာ ဂလင်းမှာ ပြီးခဲ့သည့်ရက်ပိုင်းက အိုဟိုင်းယိုးတက္ကသိုလ်ရှိ ဂျိမ်းစ်ကင်ဆာစင်တာတွင် တက်ရောက်နေခဲ့သာသော်လည်း ယင်းကဲ့သို့ တက်ရောက်နေခြင်းမှာ ၎င်းထံတွင် ကင်ဆာရောဂါရှိနေသည့် အဓိပ္ပါယ်မဟုတ်ကြောင်း ပြည်နယ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။

၎င်းသည် ၂၀၁၄ ခုနှစ်က နှလုံးအဆို့ရှင် အစားထိုးခွဲစိတ်ကုသမှုခံယူခဲ့ရသည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags