ပထမဆုံး ဂိုးသွင်းနိုင်ခဲ့၍ ဖိအားများ လျော့ကျခဲ့ဟု မစ်ခီတာယန် ဝန်ခံ

ပထမဆုံး ဂိုးသွင်းနိုင်ခဲ့၍ ဖိအားများ လျော့ကျခဲ့ဟု မစ်ခီတာယန် ဝန်ခံ

ဒီဇင်ဘာ ၉၊ မန်ချက်စတာ။          ။ မန်ယူအသင်းအတွက် ပထမဆုံးဂိုး သွင်းယူနိုင်ခဲ့သဖြင့် ဖိအားများလျော့ကျခဲ့ရကြောင်း ဝန်ခံခဲ့သည့် မစ်ခီတာယန်က ယင်းသို့ ဂိုးသွင်းနိုင်ရန် အတန်ကြာ စောင့်ဆိုင်း ခဲ့ရသည်ဟု  ပြောသည်။

မစ်ခီတာယန်သည် နွေရာသီအပြောင်းအရွှေ့ကာလက ဒေါ့မွန်မှ ပေါင် ၂၆ ဒသမ ၃ သန်းဖြင့် ပြောင်းလာပြီးနောက် မန်ယူ အသင်းတွင် ရုန်းကန်နေရသည်။

သို့သော် အာမေးနီးယန်းကစားသမားသည် ယူရိုပါလိဂ်တွင် ဇော်ယာအသင်းကို ၂-၀ ဖြင့်အနိုင်သည့်ပွဲ၌ တစ်ကိုယ်တော်အစွမ်း ဖြင့် တစ်ဂိုးသွင်းယူနိုင်ခဲ့သည်။

“အဲဒီဂိုးက ပုခုံးပေါ်ကဖိအားတွေကို လျော့ကျစေမယ် ထင်ပါတယ်။ ဂိုးသွင်းနိုင်ဖို့ ကျွန်တော် တော်တော်လေးစောင့်လိုက်ရတယ်။ နောက်ဂိုးကတော့ အိုးထရက်ဖို့ဒ်မှာ ဖြစ်ဖို့ရှိတယ်။

အိမ်ကွင်းမှာ ကျွန်တော်ဂိုးသွင်းချင်ပါတယ်။ အရေးကြီးဆုံးကတော့ ကျွန်တော်တို့အနိုင်ရခဲ့တာဖြစ်ပြီး ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်”ဟု မစ်ခီတာယန်က ပြောသည်။

မန်ယူအသင်းသည် အဝေးကွင်းဥရောပပွဲရှစ်ပွဲတွင် ပထမဆုံးအနိုင်ရခဲ့ခြင်းဖြစ်သော်လည်း အုပ်စု (က)တွင် ဖီယင်နုကို ဖီနာဘာချီက အနိုင်ရခဲ့သည့်အတွက် အုပ်စုပထမနေရာကို ဖီနာဘာချီကရရှိခဲ့ပြီး မန်ယူမှာ အုပ်စုဒုတိယအဖြစ်နှင့်သာ ရှုံးထွက် အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly