နှစ်နှစ်အတွင်း အိုင်အက်စ်တိုက်ခိုက်ရေးသမား ငါးသောင်းကျော်အား သုတ်သင်နိုင်

နှစ်နှစ်အတွင်း အိုင်အက်စ်တိုက်ခိုက်ရေးသမား ငါးသောင်းကျော်အား သုတ်သင်နိုင်

ဘဂ္ဂဒက်၊ ဒီဇင်ဘာ ၉ ။                    ။ အီရတ်နှင့် ဆီးရီးယားတွင် အိုင်အက်စ်များအား အမေရိကန်ဦးစီးသော ညွန့်ပေါင်းတပ်များ နှစ်နှစ်တာ ထိုးစစ်ဆင်ရာတွင် အိုင်အက်စ်တိုက်ခိုက်ရေးသမား ငါးသောင်းကျော်ထက်မနည်းကို သုတ်သင်နိုင်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ နှုန်းထားက မယုတ်မလွန်ခန့်မှန်းချက်ဖြစ်ကြောင်း ယင်းအကြီးတန်းတာဝန်ရှိသူက ဆိုသည်။

လေကြောင်းထိုးစစ်များနှင့် အမေရိကန်၏ ဌာနေတပ်ဖွဲ့များကို ထောက်ပံ့ခြင်းများ၏ ထိရောက်မှုကို ပြသနေခြင်းပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သို့သော်လည်း အိုင်အက်စ်တို့က တိုက်ခိုက်ရေးသမားများကို ရုတ်ခြည်းစုဆောင်းအစားထိုးလာနိုင်ကြောင်း အမေရိကန်က အကြိမ်ကြိမ်သတိပေးထားသည်။

အီရတ်တပ်များ ပြန်လည်သိမ်းပိုက်တိုက်ယူနေသည့် မိုဆူးလ်ကဲ့သို့သော နေရာများတွင် ညွန့်ပေါင်းတို့၏ လေကြောင်းတိုက်ခိုက်မှုများက ထိရောက်ပြင်းထန်ကြောင်း၊ သို့သော်လည်း အရပ်သားများ မထိခိုက်အောင် ထိန်းထိန်းသိမ်းသိမ်းဖြင့် လုပ်ဆောင်နေရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

အိုင်အက်စ်တို့အနေဖြင့် ၂၀၁၄ ခုနှစ် နယ်မြေသိမ်းပိုက်မှုများ စစဉ်မှစကာ တိုက်ခိုက်ခံလာခဲ့ရရာတွင် လက်ရှိ၌ ရုရှ၊ တူရကီ၊ အီရတ်၊ ဆီးရီးယားနှင့် ကာ့ဒ်တပ်များနှင့်အတူ အမေရိကန်နှင့် ဗြိတိန်တို့၏   လေကြောင်းအင်အားဖြင့် တိုက်ခိုက်ခြင်းကို ခံရပြီး သိမ်းပိုက်နယ်မြေ အများစု လက်လွတ်ဆုံးရှုံးနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly