အီတလီဝန်ကြီးချုပ် ရန်ဇီ ၎င်း၏ နှုတ်ထွက်စာကို တရားဝင်တင်သွင်း

အီတလီဝန်ကြီးချုပ် ရန်ဇီ ၎င်း၏ နှုတ်ထွက်စာကို တရားဝင်တင်သွင်း
ဓာတ်ပုံ/ရုပ်သံ-EPA/EFF

ဒီဇင်ဘာ ၈ ။            ။ ဖွဲ့စည်းပုံပြင်ဆင်ခြင်းဆိုင်ရာ လူထုစစ်တမ်းတစ်ခုတွင် အရေးနိမ့်ခဲ့ပြီးနောက်ပိုင်း တာဝန်မှ နှုတ်ထွက်တော့မည်ဟု ကြေညာထားခဲ့သည့် အီတလီဝန်ကြီးချုပ် ဆာဂျီယို ရန်ဇီသည် ဒီဇင်ဘာလ ရ ရက်က ၎င်း၏ နှုတ်ထွက်စာကို တရားဝင်တင်သွင်းသွားခဲ့ပြီဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မစ္စတာရန်ဇီမှာ ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပခဲ့သည့် လူထုဆန္ဒခံယူပွဲတွင် ၎င်းအပေါ် ထောက်ခံအားပေးမှု ဆိုးဆိုးရွားရွား ကျဆင်းသွားခဲ့ပြီးနောက်ပိုင်း ယင်းနေ့က သမ္မတထံ ၎င်း၏ နှုတ်ထွက်စာကို တင်သွင်းသွားခဲ့ကြောင်း သိရသည်။

မစ္စတာ ရန်ဇီ၏ နှုတ်ထွက်စာကို ယင်းနေ့က သမ္မတနန်းတော် ဧည့်ဂေဟာဆောင်တွင် မီဒီယာများအား ဖိတ်ခေါ်၍ သမ္မတရုံး အတွင်းရေးမှူးချုပ် အူဂို ဇမ်ပက်တီက ကြေညာပေးသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly