ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၄၈ သင်းထိပါဝင်လာနိုင်

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၄၈ သင်းထိပါဝင်လာနိုင်

ဒီဇင်ဘာ ၈၊ ဇူးရစ်။           ။ ဖီဖာဥက္ကဋ္ဌအင်ဖန်တီနို၏ ဆန္ဒအတိုင်းဖြစ်လာခဲ့ပါက အနာဂါတ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်းပေါင်း ၄၈ သင်းပါဝင်လာမည်ဖြစ်ပြီး သုံးသင်းစီပါဝင်သော ၁၆ အုပ်စုကို တွေ့မြင်ရမည်ဖြစ်သည်။

ဖေဖော်ဝါရီတွင် ဖီဖာဥက္ကဋ္ဌဖြစ်လာသည့် အင်ဖန်တီနိုက ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အရေအတွက်ကို ၃၂ သင်းမှ အသင်း ၄၀ သို့ တိုးမြှင့်လိုသည်ဟု ပြောဆိုဖူးသည်။

ဆုံးဖြတ်ချက်တစ်ခုကို ဇန်နဝါရီတွင်ချမှတ်မည်ဖြစ်သော်လည်း ၂၀၂၆ ကမ္ဘာ့အထိတစ်စုံတရာသက်ရောက်မှုရှိမည်မဟုတ်ပေ။

ဖီဖာကောင်စီသည် ဇန်နဝါရီ ၉ တွင် ဆွေးနွေးပွဲပြုလုပ်မည်ဖြစ်ပြီး အသက် ၄၆ နှစ်အရွယ် အင်ဖန်တီနိုသည် ရွေးကောက်ပွဲ ဝင်စဉ်ကပြောဆိုထားသည့်အတိုင်း ကမ္ဘာ့ဖလားကိုပိုမိုကျယ်ပြန့်ပြီး ပြိုင်ပွဲဝင်အရေအတွက်များသည့်ပြိုင်ပွဲတစ်ခု ဖြစ်လာစေချင် နေသည်။

အကယ်၍ ဖီဖာက အုပ်စု ၁၆ ခုခွဲပြီးကျင်းပလိုခြင်းမရှိလျှင် အခြားသောပုံစံများဖြစ်သည့်

-ပြိုင်ပွဲဝင်အသင်း ၄၈ သင်းအနက်မှ ၃၂ သင်းမှာ ရှုံးထွက်ပုံစံဖြင့် တစ်ပွဲကစားမည်ဖြစ်ပြီး အနိုင်ရသည့် ၁၆ သင်းမှာ ခြေစစ်ပွဲ အောင်ပြီးဖြစ်သည့် ၁၆ သင်းနှင့်အတူ အုပ်စုပွဲများကစားရမည်။

-ပြိုင်ပွဲကိုလက်ရှိကျင်းပနေသည့် ၃၂ သင်းပုံစံဖြင့်သာဆက်လက်ကျင်းပမည်။

-ပြိုင်ပွဲဝင်အသင်းအရေအတွက် ၄၀ ကို လေးသင်းပါ ၁၀ အုပ်စု၊ ငါးသင်းပါ ရှစ်အုပ်စုခွဲကာ ကျင်းပမည်။

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းအရေအတွက် နောက်ဆုံးတိုးမြှင့်ခဲ့သည်မှာ ၁၉၉၈ ကမ္ဘာ့ဖလားဖြစ်ပြီး ပြိုင်ပွဲဝင် ၂၄ သင်းမှာ ၃၂ သင်းထိတိုးမြှင့်ကာ ယနေ့ထိတိုင်ကျင်းပနေသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags