၂၀၁၆ လူပုဂ္ဂိုလ်အဖြစ် ဒေါ်နယ်ထရမ့်အား TIME မဂ္ဂဇင်းဖော်ပြ

၂၀၁၆ လူပုဂ္ဂိုလ်အဖြစ် ဒေါ်နယ်ထရမ့်အား TIME မဂ္ဂဇင်းဖော်ပြ

နယူးယောက်၊ ဒီဇင်ဘာ ၈ ။                     ။ အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်အား Time မဂ္ဂဇင်းက ၂၀၁၆ လူပုဂ္ဂိုလ်အဖြစ် ရွေးချယ်သတ်မှတ်ခဲ့သည်။

အိမ်ခြံမြေလုပ်ငန်းရှင်ကြီး ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်သို့ တက်လှမ်းရာတွင် ဟီလာရီကလင်တန်အား အနိုင်ရလိုက်ခြင်းက နိုင်ငံရေးသမိုင်းတွင် ထူးကဲအံ့ဖွယ်ရာဖြစ်စေခဲ့သည်။

ယခုကဲ့သို့ သတ်မှတ်ခြင်းခံရခြင်းအတွက် သူ့အတွက် ကြီးကျယ်သည့် ဂုဏ်ပြုမှုဖြစ်ကြောင်း ထရမ့်က NBC’s Today ရုပ်သံသို့ ပြောသည်။

ထရမ့်အား ဟီလာရီကလင်တန်နှင့် ရုရှသမ္မတ ဗလာဒီမာပူတင်တို့နှင့် ယှဉ်ကာ နောက်ဆုံးရွေးချယ်ခဲ့ခြင်းလည်းဖြစ်သည်။

ကနဦးရွေးချယ်ခံရသူများတွင် ဥရောပမှ ဗြိတိန်နုတ်ထွက်ရေးကို အောင်မြင်သည့် မဲဆွယ်မှုများ လုပ်ဆောင်ခဲ့သည့် Independence Party ခေါင်းဆောင်ဟောင်း နီဂယ်ဖာရတ်ချ်လည်း ပါဝင်ခဲ့သည်။

ဟီလာရီကို ရွေးချယ်မှုက ဒုတိယလိုက်ကြောင်း Time မဂ္ဂဇင်း ဒယ်ဒီတာ နန်စီဂစ်ဘ်က ပြောကာ အဆုံးသတ် ဒေါ်နယ်ထရမ့်အား ရွေးချယ်ခြင်းဖြစ်ကြောင်း ဖြည့်စွက်ဆိုသည်။

ဒေါ်နယ်ထရမ့်က အမေရိကန်၏ နိုင်ငံရေးအခန်းကဏ္ဍကို ဆန်းသစ်စေခဲ့သူအဖြစ် Time မဂ္ဂဇင်းက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly