မန်ယူကွင်းလယ်လူ ဖယ်လိုင်နီကို အငှားဖြင့်ခေါ်ရန် ဝက်စ်ဟမ်းအသင်း စဉ်းစားနေ

မန်ယူကွင်းလယ်လူ ဖယ်လိုင်နီကို အငှားဖြင့်ခေါ်ရန် ဝက်စ်ဟမ်းအသင်း စဉ်းစားနေ

ဒီဇင်ဘာ ရ၊ လန်ဒန်။             ။ ဝက်စ်ဟမ်းယူနိုက်တက်အသင်းသည် မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဖယ်လိုင်နီကို ဇန်နဝါရီအပြောင်းအရွှေ့အတွင်း အငှားဖြင့်ခေါ်ရန်စဉ်းစားနေသည်။

ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမားသည် မော်ရင်ဟို၏ စီမံကိန်းတွင်ပါဝင်သော်လည်း ပြီးခဲ့သည့်ရက်သတ္တပတ်များက ပွဲထွက် လူစာရင်းမှချန်လှပ်ခံထားရသည်။

ထို့ပြင် တနင်္ဂနွေနေ့တွင် အဲဗာတန်နှင့်တစ်ဂိုးစီသရေကျခဲ့ရာတွင်လည်း ပွဲချိန်နှောင်းပိုင်းမှလူစားဝင်လာသည့် ယင်း ၂၉ နှစ်အရွယ် ကစားသမားကြောင့် ပင်နယ်တီပေးခဲ့ရသည်။

အာဆင်နယ်အသင်းကို ၅-၁ ဂိုးဖြင့်ရှုံးပြီးနောက် ဝက်စ်ဟမ်းနည်းပြဘီလစ်က ဝက်စ်ဟမ်းအသင်းမှာ ပြီးခဲ့သည့်ရာသီကလောက် ကစားပုံမာကျောမှုမရှိတော့ဟု ပြောသည်။

လက်ရှိတွင်ဝက်စ်ဟမ်းအသင်းမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၇ တွင်ရပ်တည်နေပြီး မန်ယူအသင်းက အဆင့် ၆ နေရာတွင်ရပ်တည်နေသည်။

တန်းဆင်းဇုန်ထဲမှအသင်းတစ်သင်းဖြစ်သည့် ဆွမ်ဆီးအသင်းသည်လည်း မန်ယူတောင်ပံကစားသမား အက်ရှ်လေယန်းကို ခေါ်ယူချင်နေသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags