ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရတဲ့ ပုဂံဘုရားတွေကို ပြုပြင်ထိန်းသိမ်းတဲ့နေရာမှာ လှူဒါန်းဖို့ အဆိုတော်လေးဖြူရဲ့ “ ပထမ နိုင်ငံတော် ” သီချင်းကို ဒီဇင်ဘာလ ၉ ရက်မှာ Myanmar Music Store ကနေ ရောင်းချသွားမှာပါ။
အကျိုးအမြတ်တစုံတရာရယူခြင်းမရှိဘဲ ရောင်းရငွေအားလုံးကို လှူဒါန်းသွားမှာဖြစ်ပြီး PTL စတူဒီယိုမှာ အသံသွင်းယူကာ မြန်မာနှဲသံတွေပါ ပါ၀င်အားဖြည့်ထားတယ်လို့ သိရပါတယ်။
လာမယ့် နယူးရီးယားနေ့ ဒီဇင်ဘာလ ၃၁ ရက်၊ ပြည်သူ့ရင်ပြင်မှာ ၀င်ကြေးအခမဲ့နဲ့ ဖျော်ဖြေသွားဦးမှာပါ။
Iron Cross Music Tour 2016 အနေဖြင့် ဒီဇင်ဘာလ ၃ ရက်တွင် ကန်တော်ကြီး မျှော်စင်ကျွန်း၌ Iron Cross Live Show ကို ပြုလုပ်ခဲ့သည်။