ရလဒ်ဆိုးနေသော်လည်း နည်းပြရာထူးအတွက် ရေနီယာရီ စိုးရိမ်ခြင်းမရှိ

ရလဒ်ဆိုးနေသော်လည်း နည်းပြရာထူးအတွက် ရေနီယာရီ စိုးရိမ်ခြင်းမရှိ

ဒီဇင်ဘာ ရ၊ လက်စတာ။           ။ လက်စတာနည်းပြရေနီယာရီက ၎င်း၏အနာဂါတ်နှင့်ပတ်သက်ပြီးစိုးရိမ်းခြင်းမရှိဟုပြောသော်လည်း အသင်း၏ပြည်တွင်းရလဒ်ဆိုး များအတွက် အသင်းပိုင်ရှင်၏စိတ်ပျက်နေမှုကို အသိအမှတ်ပြုခဲ့သည်။

လက်ရှိပရီးမီးယားလိဂ်ချန်ပီယံသည် ယခုနှစ်ဘောလုံးရာသီတွင် ခုနစ်ပွဲရှုံးထားပြီး တန်းဆင်းဇုန်နှင့်အထက် နှစ်မှတ်အကွာ၌ ရပ်တည်နေသည်။

နည်းပြရာထူးဆုံးရှုံးရမည်ကိုစိုးရိမ်နေသလားဆိုသည့်မေးခွန်းနှင့်ပတ်သက်ပြီး ရေနီယာရီက “ဘယ်တော့မှမစိုးရိမ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဆုံးဖြတ်ရမှာ မဟုတ်လို့ပါ။ အသင်းပိုင်ရှင်မှမဟုတ်ဘူး အသင်းမှာဘယ်သူမှ ပျော်မနေဘူး။

ပိုင်ရှင်က ကျွန်တော်တို့ဘက်မှ အမြဲရှိပါတယ်။ သူဘယ်လိုကူညီပေးရမလဲဆိုတာ ကျွန်တော်တို့ကိုအမြဲမေးပြီး အမြဲအပြုသဘော ဆန်ပါတယ်”ဟု ရေနီယာရီက ပြောသည်။

လက်စတာအသင်းဥက္ကဋ္ဌ ဝိချိုင်းသည် ၂၀၁၅ ဇူလိုင်တွင် နီဂျယ်ပီယာဆင်နေရာ၌ ရေနီယာရီကိုနည်းပြအဖြစ်ခန့်အပ်ခဲ့ပြီး ယင်း အီတလီလူမျိုးသည် မြေခွေးများ (လက်စတာအသင်း၏အမည်ပြောင်) ကို ပရီးမီးယားလိဂ်ဖလားရအောင် အံ့အားသင့်ဖွယ် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

ယခုနှစ်ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်၌ ယမန်နှစ်ကခြေစွမ်းမျိုးပြန်လည်ရရှိရန် ရုန်းကန်နေရသော်လည်း ချန်ပီယံလိဂ်တွင် ရလဒ်ကောင်းများရနေပြီး အုပ်စုထိပ်ဆုံးရောက်နေသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly