အင်ဒိုနီးရှားတွင် ငလျင်လှုပ်၍ အဆောက်အအုံများစွာ ပြိုကျကာ သေဆုံးသူ နှစ်ဆယ်ကျော်လာ

အင်ဒိုနီးရှားတွင် ငလျင်လှုပ်၍ အဆောက်အအုံများစွာ ပြိုကျကာ သေဆုံးသူ နှစ်ဆယ်ကျော်လာ

ဂျကာတာ၊ ဒီဇင်ဘာ ရ ။                   ။ အင်ဒိုနီးရှားနိုင်ငံတွင် ပင်လယ်အောက် ဗဟိုပြုလှုပ်သော ငလျင်ကြောင့် အာချေးပြည်နယ်၌ အဆောက်အအုံများ ပြိုကျကာ လူပေါင်း ၂၄ ဦးသေဆုံးပြီး အပြိုအပျက်များအောက် ဒါဇင်များစွာ ပိတ်မိနေနိုင်ကြောာင်း အာဏာပိုင်များက ပြောသည်။

ပြင်းအား ၆ ဒဿမ ၄ အဆင့်ရှိ ငလျင်က ဆူမတြားကျွန်းရှိ စီဂျီးမြို့အနီး လှုပ်ခြင်းဖြစ်ကာ အဆောက်အအုံ ဒါဇင်များစွာ ပြိုကျသည်။

ဆူနာမီ မဖြစ်ပေါ်နိုင်ကြောင်း အင်ဒိုနီးရှား မိုးလေဝသဌာနက ထုတ်ပြန်သည်။

၂၀၀၄ ခုနျစ်က ရေအောင်ငလျင်ကြီး လှုပ်၍ အာချေးပြည်နယ်တွင် ပျက်စီးဆုံးရှုံးမှု ကြီးကာ လူပေါင်း တစ်သိန်းနှစ်သောင်းကျော် သေဆုံးခဲ့သည်။

အမေရိကန်ဘူမိတိုင်းတာရေးဌာနက ယခုငလျင်သည် ဒေသစံတော်ချိန် ၀၅ နာရီ ၀၃ မိနစ်တွင် ကမ်းလွန်ရေအောက် ၁၇ ဒဿမ ၂ ကီလိုမီတာ၌ လှုပ်ကြောင်း ထုတ်ပြန်သည်။

ပီဒိုင်းဂျာယာခရိုင်က ငလျင်ကို အဆိုးဆုံး ခံစားရပြီး ခရိုင်အကြီးအကဲက ပြောကာ သေဆုံးသူဦးရေကိုလည်း ၎င်းကပင် ဘီဘီစီသို့ အတည်ပြုပြောခြင်းဖြစ်သည်။ သေဆုံးသူဦးရေက ထပ်တိုးနိုင်သည်ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags