ဆန်းချက်ဇ်ကို ဆက်လက် ထိန်းသိမ်းနိုင်ရန် အသင်း၏ လစာငွေပေါ်လစီကို အာဆင်နယ်အသင်း ချိုးဖောက်ရဖွယ်ရှိနေ

ဆန်းချက်ဇ်ကို ဆက်လက် ထိန်းသိမ်းနိုင်ရန် အသင်း၏ လစာငွေပေါ်လစီကို အာဆင်နယ်အသင်း ချိုးဖောက်ရဖွယ်ရှိနေ
 

ဒီဇင်ဘာ ရ၊ အင်္ဂလန် ။               ။ အာဆင်နယ်အသင်းအနေဖြင့် တိုက်စစ်မှူးဆန်းချက်ဇ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် အသင်း၏ လစာငွေပေါ်လစီကို ချိုးဖောက်ရဖွယ်ရှိနေကြောင်း   ဒေးလီးမေးလ်သတင်းစာက ဖော်ပြသွားခဲ့သည်။

ဆန်းချက်ဇ်ကို တရုတ်စူပါလိဂ်ကလပ်အသင်းတစ်သင်းက တစ်ပတ်လစာငွေ ပေါင် လေးသိန်းဖြင့် ခေါ်ယူရန်ကမ်းလှမ်းခဲ့သောကြောင့် အာဆင်နယ်အသင်းအနေဖြင့် အသင့်အနေအထားတွင်ရှိနေပြီး ဆန်းချက်ဇ်ကို စာချုပ်သစ်ချုပ်ဆိုနိုင်ရန် အသင်း၏ လစာငွေပေါ်လစီကို ချိုးဖောက်ရတော့မည် ဖြစ်သည်။

အာဆင်နယ်နှင့်ဆန်းချက်ဇ်တို့ ချုပ်ဆိုထားသောစာချုပ်မှာ တစ်နှစ်ခွဲသာကျန်ရှိတော့သည်။ လက်ရှိတွင် ဆန်းချက်ဇ်မှာ တစ်ပတ်လုပ်ခလစာငွေ ပေါင် ၁၃၀,၀၀၀ သာရရှိနေသည်။ အာဆင်နယ်အသင်းက ၎င်းကို ပေါင် ၂ သိန်းအထိတိုးမြှင့်ပေးပြီး အသင်း၏လစာငွေအများဆုံးကစားသမားအဖြစ် ဆက်လက်ထိန်းသိမ်းရန်ကြိုးပမ်းနေသည်။

သို့သော် တရုတ်ကလပ်အသင်းက ဆန်းချက်ဇ်ကို အခွန်ဆောင်အပြီး တစ်ပတ်လစာငွေ ပေါင် ၂၆၀,၀၀၀ ပေးမည်ဖြစ်သည့်အတွက် အာဆင်နယ်မှ ပေးချေမည့်ငွေနှင့်ကွာဟလျက်ရှိသည်။ တရုတ်ကလပ်အသင်းသို့ ဆန်းချက်ဇ်ပြောင်းရွှေ့ခဲ့ပါက တစ်နှစ်လျှင် လစာငွေ ပေါင်သန်း ၂၀ အထိရရှိမည်ဖြစ်ပြီး လစာငွေအကောင်းဆုံးကစားသမား ဖြစ်လာမည် ဖြစ်သည်။

အာဆင်နယ်အသင်းမှာ ဆန်းချက်ဇ်နှင့်အိုဇေးလ်တို့နှစ်ဦးစလုံးကို စာချုပ်သစ်ချုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိနေသလို တစ်ဖက်တွင်လည်း ဆန်းချက်ဇ်၏နေရာ၌ အစားထိုးရန် ဒေါ့တ်မွန်တိုက်စစ်ကစားသမား မာကိုရုစ်ကို ခေါ်ယူရန် ကြိုးပမ်းလျက်ရှိသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly