ထရမ့်အား ကာကွယ်ရေးစရိတ်အတွက် နယူးယောက်မြို့က ဒေါ်လာ ၃၅ သန်း တောင်းခံ

ထရမ့်အား ကာကွယ်ရေးစရိတ်အတွက် နယူးယောက်မြို့က ဒေါ်လာ ၃၅ သန်း တောင်းခံ

ဘန်ကောက်၊ ဒီဇင်ဘာ ၆ ။              ။ ထရမ့်တာဝါတွင် ကက်ဘိနက်အဖွဲ့ကို ဖွဲ့စည်းလျက်ရှိခြင်းကြောင့် ဒေါ်နယ်ထရမ့်အား အကာအကွယ်ပေးရေးအတွက် အမေရိကန်အစိုးရထံမှ အမေရိကန်ဒေါ်လာ ၃၅ သန်းအား နယူးယောက်မြို့က တောင်းခံထားသည်။

အံ့အားသင့်ဖွယ် ဒေါ်နယ်ထရမ့် အနိုင်ရခဲ့သည့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှစကာ ဝါရှင်တန်တွင် ဇန်နဝါရီ ၂၀ ၌ ကျမ်းသစ္စာဆိုမည့် အချိန်အထိ ကာလပိုင်းအတွင်း ထရမ့်တာဝါအား အကာအကွယ်ပေးရေး ကုန်ကျစရိတ်အဖြစ် မြို့တော်ဝန် ဘီလ်ဒီဘလာစီယိုက သမ္မတ အိုဘားမားထံသို့ တောင်းခံထားခြင်းဖြစ်သည်။

၅၇ လမ်းနှင့် အမှတ်ငါး ရိပ်သာလမ်းတွင် ရှိသော ထရမ့်တာဝါ အပြင်ဖက်တွင် နယူးယောက်ရဲတပ်ဖွဲ့ကို အချိန်ပြည့် ချထားရသည်။

၅၈ ထပ်ရှိ မိုးပျံအဆောက်အအုံဖြစ်သော ထရမ့်တာဝါတွင် ရွေးကောက်ခံသမ္မတဖြစ်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီး ဒေါ်နယ်ထရမ့်က ရုံးထိုင်လျက်ရှိခြင်းဖြစ်သည်။

၎င်း၏ လက်ထောက်များစွာ၊ အထူးပုဂ္ဂိုလ်များနှင့် ကက်ဘိနက်အဖွဲ့ဝင် ဖြစ်လာနိုင်သူများ ထရမ့်တာဝါသို့ လာရောက်ကြကာ ရွေးကောက်ခံသမ္မတသစ်နှင့် တွေ့ဆုံမှုများ ပြုလုပ်လျက်ရှိခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများလည်းရှိနေကာ လုံခြံုရေးအတွက်လည်း ရဲတပ်ဖွဲ့ ဖြန့်ကြက်ချထားရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly