ကျန်းမာရေးဆိုင်ရာ မမှန်ကန်လုပ်ဆောင်မှုများအား ပြည်ထောင်စုဝန်ကြီးရုံးခန်းသို့ တိုက်ရိုက်တိုင်ကြားနိုင်

ကျန်းမာရေးဆိုင်ရာ မမှန်ကန်လုပ်ဆောင်မှုများအား ပြည်ထောင်စုဝန်ကြီးရုံးခန်းသို့ တိုက်ရိုက်တိုင်ကြားနိုင်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်၏ မမှန်မကန်လုပ်ဆောင်မှု၊ အဂတိလိုက်စားမှုများအား အထောက်အထားအချက်အလက်များနှင့် ၂၄ နာရီပတ်လုံး အကြံပြုစာ၊ တိုင်ကြားစာများ တိုက်ရိုက်ပေးပို့နိုင်သည်ဟု ထုတ်ပြန်ထားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရုံးခန်းအတွင်းရှိ ဖက်စ်အမှတ် ၀၆၇-၄၁၁၁၈၉ သို့ဖြစ်စေ၊ အီးမေးလ် [email protected]  သို့ဖြစ်စေ ပေးပို့နိုင်ပြီး  အကြံပြုတိုင်တန်းသူ၏ အမည်၊ နိုင်ငံသားစိစစ်ရေးအမှတ်၊ အမြဲတမ်းနေရပ်လိပ်စာနှင့် ဆက်သွယ်ရန်လိပ်စာအပြည့်အစုံ (ဖုန်း၊ အီးမေးလ်၊ ဖက်စ်) တို့ကို ဖော်ပြပြီး  အထောက်အထားအချက်အလက်ပြည့်စုံစွာနှင့်တိုင်ကြားနိုင်သည်ဟု ဖော်ပြပါရှိသည်။

ဘဏ္ဍာငွေ ထိရောက်စွာ အသုံးပြုနိုင်ရေးနှင့် အလေလွင့်မဖြစ်စေရန် ၊ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အဂတိလိုက်စားမှုအန္တရာယ်ကင်းရှင်းရေးအတွက်  ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် အကြံပြုတိုင်ကြားခြင်းအချက်အလက်များ ပေါက်ကြားခြင်း လုံးဝ လုံးဝ မရှိစေရန် စီစဉ်ထားသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly