ဂျပန်တွင် လူငယ်များထက် အသက်ကြီးသူများက ရာဇဝတ်မှု ပိုကျုးလွန်

ဂျပန်တွင် လူငယ်များထက် အသက်ကြီးသူများက ရာဇဝတ်မှု ပိုကျုးလွန်

ဂျပန်နိုင်ငံတွင် ပြီးခဲ့သည့် ခြောက်လအတွင်း ရာဇဝတ်မှုများတွင် အရွယ်ငယ်သူများ ကျုးလွန်သည့် အမှုများထက် အသက်ကြီးပိုင်း များကျုးလွန်သည့် ရာဇဝတ်မှုများက ပိုများကြောင်း ရဲဌာနက ထုတ်ပြန်သည်။

၁၉၈၉ ခုနှစ်က စကာ ရာဇဝတ်မှုစာရင်းဇယားတွင် အသက် ၆၅ နှစ်ကျော် အရွယ်များ ကျုးလွန်သည့် မှုခင်းများက လူငယ်များ၏ မှုခင်းများကို ကျော်လွန်နေခြင်းမှာ ပထမဆုံးဖြစ်ကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြသည်။

ယခုနှစ် ပထမနှစ်ဝက်ကာလတွင် အရေးယူခဲ့ရသည့် အသက်ကြီးပိုင်းများ ရာဇဝတ်မှုကျုးလွန်ခြင်းသည် ၂၃၀၀၀ ကျော်ထက်မ နည်းရှိပြီး အသက် ၁၄ မှ ၁၉ နှစ်ကြား လူငယ်လူရွယ်များတွင် ဖြစ်ပွားသည့် ရာဇဝတ်မှုခင်းမှာ ၂၀၀၀၀ ကျော်ရုံမျှသာရှိကြောင်း စာရင်းတွင်ဖော်ပြသည်။

ဂျပန်တွင် ပြီးခဲ့သည့် ဆယ်နှစ်ကျော်တွင်း ရာဇဝတ်မှုနှုန်းကျဆင်းခဲ့သော်လည်း အသက်ကြီးသူများ ကျုးလွန်သည့် ရာဇဝတ်မှုနှုန်း ကကျဆင်းသွားခြင်းမရှိပေ။ အသက် ၆၅နှစ်အထက် အမှုခင်းများတွင် ယခုနှုန်းထားသည် ပြီးခဲ့သည့်နှစ် အလားတူနှစ်ဝက်ကာလ တွင်ဖြစ်ပွားခဲ့သည့် နှိုင်းယှဉ်လျှင် ၁၀ ရာခိုင်နှုန်းကျော်မက မြင့်တက်ခဲ့ခြင်းဖြစ်သည်။

လူဦးရေ ၁၂၇ သန်းရှိသည့် ဂျပန်နိုင်ငံတွင် အငြိမ်းစားယူသည့် အသက်အရွယ်ရှိသူဦးရေသည် လေးပုံတစ်ပုံရှိ၍ အစိုးရက ယခု အသက်ကြီးသူဦးရေ များပြားသည့် နှုန်းထားသည် လာမည့် နှစ်များအတွင်း ပိုမိုများပြားလာဖွယ်ရှိနေကြောင်း အစိုးရက သတိပေး ထားသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly