ဟင်္သာတမြို့နယ်တွင် လူသတ်မှုဖြစ်ပွား တရားခံချက်ချင်း ဖမ်းဆီးရမိ

ဟင်္သာတမြို့နယ်တွင် လူသတ်မှုဖြစ်ပွား တရားခံချက်ချင်း ဖမ်းဆီးရမိ

ဟင်္သာတမြို့နယ်၊ စစ်ကုန်းကျေးရွာအုပ်စု၊ ရေလယ်သောင်ကျွန်းကျေးရွာတွင် ဒီဇင်ဘာလ ၄ရက်နေ့၊ညနေပိုင်းတွင် လူသတ်မှုတစ်ခုဖြစ်ပွားပြီး တရားခံအား ချက်ချင်းဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

အမှုဖြစ်စဉ်မှာ ရေလယ်သောင်ကျွန်းကျေးရွာတွင်နေထိုင်သူ ဒေါ်ရင်နွဲ့အား သေဆုံးသူ ဦးလှစိုး(ခ)နိုတီက အရက်မူးယစ်ကာဆဲဆိုကာ နေအိမ်ပေါ်တက် ရမ်းကားသဖြင့် ဒေါ်ရင်နွဲ့သားဖြစ်သူ ဦးဇော်မင်းအောင်က အိမ်ရှိ ဝါးကျစ်တုတ်ပိုင်းဖြင့် ရိုက်နှက်ရာ အိမ်ပေါ်မှ မြေပြင်ပေါ်သို့ ပြုတ်ကျခဲ့သည်။ ဦးဇော်မင်းအောင်က ထပ်မံရိုက်နှက်ရာ ဦးလှစိုးမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

"ကျေးရွာအုပ်ချုပ်ရေးမှူးက အကြောင်းကြားတော့ ရဲတပ်ဖွဲ့ဝင်တွေ ကျေးရွာ အဝင်အထွက်တွေ ပိတ်ထားပြီး တရားခံအား ချက်ချင်းဖမ်းဆီးရမိတာပါ။ ရဲတပ်ဖွဲ့တွေ မှုခင်းအသိပညာပေးကို တစ်အိမ်တက်ဆင်း လိုက်လံဟောပြောနေကြောင်း ” အမှတ်(၁)မြို့မရဲစခန်းက စခန်းမှူးဒုရဲမှူးခင်မောင်ထွန်းက ပြောသည်။

အမှုအား ဒုရဲအုပ်မျိုးလွင်က တရားလိုပြုအမှုဖွင့်ထားပြီး အမှုအား ရဲလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။အမှုအားအမှတ်(၁)မြို့မရဲစခန်းတွင် ပနံပတ်၄၃၂/၂၀၁၆ဖြင့် ပုဒ်မ၃၀၂အရ အမှုဖွင့်ထားကြောင့် ရဲမှတ်တမ်းများအရသိရှိရသည်။

၂၀၁၆ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့အထိ တစ်နှစ်လုံး လူသတ်မှု ၄မှုသာ ဟင်္သာတမြို့နယ်တွင်ဖြစ်ပွားကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly