ဂျပန်ဝန်ကြီးချုပ် အာဘေး ပုလဲဆိပ်ကမ်းသို့ ဒီဇင်ဘာလနှောင်းပိုင်းတွင် သွားရောက်မည်

ဂျပန်ဝန်ကြီးချုပ် အာဘေး ပုလဲဆိပ်ကမ်းသို့ ဒီဇင်ဘာလနှောင်းပိုင်းတွင် သွားရောက်မည်
(ဓာတ်ပုံ - အီးပီအေ)

ဂျပန်ဝန်ကြီးချုပ်ဟာ ဒီဇင်ဘာ ၂၆-၂၇ ဟာဝိုင်ယီခရီးစဉ်အတွင်း အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့်အတူ ရေတပ်အခြေစိုက်စခန်း ပုလဲဆိပ်ကမ်းသို့ သွားရောက်မှာဖြစ်တယ်လို့ တနင်္လာနေ့က ကြေညာခဲ့ပါတယ်။

ဝန်ကြီးချုပ်အာဘေးရဲ့ ခရီးစဉ်ဟာ ဝိုင်ယီရှိ သမိုင်းဝင် အမေရိကန်ရေတပ်ရဲ့ ပုလဲဆိပ်ကမ်းကို ပထမဆုံး သွားရောက်တဲ့ ဂျပန်ခေါင်းဆောင်ဖြစ်လာမှာပါ။

၁၉၄၁ ခုနှစ် ဒီဇင်ဘာ ရ ရက်နေ့မှာ ဂျပန်က အမေရိကန်စစ်တပ်နှင့် ရေတပ်အခြေစိုက်စခန်းတည်ရှိရာ ပုလဲဆိပ်ကမ်းကို အလစ်အငိုက် လေကြောင်းမှ တိုက်ခိုက်ခဲ့တာကြောင့် လူ ၃,၅၀၀ ဦးသေဆုံးပြီး ဝါရှင်တန်ကို ဒုတိယကမ္ဘာစစ်အတွင်းသို့ ဝင်ရောက်စေခဲ့တာဖြစ်ပါတယ်။

ဂျပန်တို့ရဲ့ တိုက်ခိုက်ခံရမှု ရ၅ နှစ်ပြည့် နှစ်ရက်အလို ဒီဇင်ဘာ ၅ ရက်မှာ ဂျပန်ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ကြေညာချက် ထွက်ရှိလာခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တိုက်ခိုက်ခံရမှုမှာ သေဆုံးသွားတဲ့ သူတွေကို အရိုအသေးပေးလိုတာဖြစ်ပြီး ဒါက ဂျပန်နှင့် အမေရိကန်အကြား ပြန်လည်သင့်မြတ်ရေးရဲ့ သင်္ကေတဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

တိုကျို-ဝါရှင်တန် မဟာမိတ်ဟာ အလွန်အရေးပါပြီး ဒီကနေ့မျက်မှောက်ကမ္ဘာအတွက် မျှော်လင့်ချက်ကို ကိုယ်စားပြုတယ်လို့ အာဘေးက ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ရ၁ နှစ်က ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်ရဲ့ အဏုမြူဗုံး ကြဲချခဲ့မှုကြောင့် လူပေါင်း ၁၄၀,၀၀၀ သေးဆုံးခဲ့ရတဲ့ ဟီရိုရှီးမားမြို့သို့ ဘားရက်အိုဘားမားဟာ ယခုနှစ်အစောပိုင်း မေလက သွားရောက်လည်ပတ်ခဲ့ပါတယ်။

Copyright - EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags