ဆီးရီးယားကမ်းလွန်မှာ ရုရှားတိုက်လေယာဉ်တစ်စီး ပင်လယ်အတွင်း ပျက်ကျ

ဆီးရီးယားကမ်းလွန်မှာ ရုရှားတိုက်လေယာဉ်တစ်စီး ပင်လယ်အတွင်း ပျက်ကျ
(ဓာတ်ပုံ - အီးပီအေ)

ရုရှားလေယာဉ်တင်သင်္ဘော Admiral Kuzentsov မှ တိုက်လေယာဉ်တစ်စီးဟာ ဆင်းသက်စဉ် ပြေးလမ်းချော်သွားခဲ့ပြီး ပင်လယ်ထဲမှာ ပျက်ကျသွားခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၅ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ဒါဟာ လပိုင်းအနည်းငယ်အတွင်း ၎င်းတို့ရဲ့ ဆီးရီးယားကမ်းလွန်မှာ ဖြန့်ကျန်ထားတဲ့ ရုရှားလေယာဉ်တင်သင်္ဘောမှ ဒုတိယမြောက် ပျက်ကျခဲ့တဲ့ တိုက်လေယာဉ်လည်း ဖြစ်ပါတယ်။

"ဆီးရီးယားမှာ စစ်ဆင်ရေးပြီးလို့  Admiral Kuzentsov ရဲ့ ကုန်းပတ်ပေါ် ဆင်းသက်ချိန်မှာ Sukhoi-33 တိုက်လေယာဉ်ဟာ လမ်းချော်မှုဖြစ်ကာ ပင်လယ်ထဲပျက်ကျခဲ့တာ ဖြစ်ပါတယ်။"လို့ မော်စကိုရှိ စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

တိုက်လေယာဉ်မှူးဟာ လေယာဉ် ပင်လယ်ထဲ ပျက်မကျမီမှာ အရေးပေါ်ခုန်ထွက်နိုင်ခဲ့ပြီး ချက်ချင်း သင်္ဘောရဲ့ ကယ်ဆယ်ရေးအဖွဲ့များက ကယ်တင်နိုင်ခဲ့ပါတယ်။

နိုဝင်ဘာ ၁၄ ရက်နေ့က အခြားတိုက်လေယာဉ်တစ်စီးဖြစ်တဲ့ MIG-29 ဟာ အဆိုပါ လေယာဉ်တင်သင်္ဘောပေါ် ဆင်းသက်ချိန်မှာ ပင်လယ်ထဲသို့ ပျက်ကျသွားခဲ့ပါတယ်။

ရုရှားလေယာဉ်တင်သင်္ဘော Admiral Kuznetsov ဟာ ဆီးရီးယားမှာ ပြုလုပ်နေတဲ့ လေကြောင်းတိုုက်ခိုက်မှုအတွက် တစ်လနီးပါး ပါဝင်နေတာ ဖြစ်ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly