ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြည်တွင်း ခရီးသည် အဆောက်အဦသစ် ဖွင့်လှစ်

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြည်တွင်း ခရီးသည် အဆောက်အဦသစ် ဖွင့်လှစ်
(ဓာတ်ပုံ - Daw ShweSin Min Thu/Facebook)

ပြည်တွင်း လေကြောင်း ခရီးစဉ်များ အသုံးပြုရန် နိုင်ငံတကာ အဆင့်မီ ပြည်တွင်း ခရီးသည် အဆောက်အဦသစ် Teiminal 3 (T3) အား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဒီဇင်ဘာ ၅ ရက်က ဖွင့်လှစ်လိုက်ပါတယ်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြည်တွင်း ခရီးသည် အဆောက်အဦသစ်အား ဒီဇင်ဘာလ ၉ ရက်မှ စတင် အသုံးပြုသွားမှာဖြစ်ပါတယ်။

ယခု ဖွင့်လှစ်လိုက်တဲ့ ပြည်တွင်း ခရီးသည် လေဆိပ် အဆောက်အဦသစ်ဟာ အလျား ၁၈၀ မီတာ ၊ အကျယ် ၅၆ မီတာရှိ သံကူ ကွန်ကရစ် ၄ ထပ် အဆောက်အဦဖြစ်တယ်လို့ သိရပါတယ်။

ပြည်တွင်း လေကြောင်း ခရီးသည် ပို ့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်း လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ပြည်တွင်း ခရီးသည် အဆောက်အဦသစ် တည်ဆောက်ရေး စီမံကိန်းကို ၂၀၁၅ ခုနှစ် မေလက စတင် တည်ဆောက်ခဲ့ပြီး ၂၀၁၆ ခုနှစ် နို၀င်ဘာလမှာ တည်ဆောက်ပြီးစီးခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို ့ဝင်/ထွက် သွားနေတဲ့ ခရီးသည် ဦးရေဟာ ၂၀၁၄ ခုနှစ်အတွင်း ပြည်ပ ခရီးသည် ၂,၉၁၅,၆၆၈ သန်း၊ ပြည်တွင်း ခရီးသည် ၁,၄၇၉,၁၄၇ သန်းခန့်ထိ တိုးတက်လျက်ရှိရာ လက်ရှိ လေဆိပ် အဆောက်အဦ အနေဖြင့် အသုံးပြုနိုင်မယ့် ခရီးသည် ဦးရေ ၂.၇ သန်းကို ကျော်လွန်လာပြီဖြစ်တယ်လို့ ဆိုပါတယ်။

Ref; Xinhua

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly