မသင်္ကာဖွယ်ရုရှား စစ်လေယာဉ်များ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အိုက်ဒလစ်ဘ် ခရိုင်၌ လူဒါဇင်ပေါင်းများစွာ သေဆုံး

မသင်္ကာဖွယ်ရုရှား စစ်လေယာဉ်များ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အိုက်ဒလစ်ဘ် ခရိုင်၌ လူဒါဇင်ပေါင်းများစွာ သေဆုံး

ဆီးရီးယားခရိုင်များအတွင်း လေကြောင်းတိုက်ခိုက်မှု အများအပြားဖြစ်ပွားခဲ့ကာ သေဆုံးသူအနည်းဆုံး ၄၆ ယောက် ခန့်ရှိခဲ့ပြီး အများစုမှာ အရပ်သားများဖြစ်ကြောင်း စောင့်ကြည့်နေသူများက   ပြောခဲ့ကြပါတယ်။

ဆီးရီးယား အနောက်မြောက်ပိုင်းရှိ အိုက်ဒလစ်ဘ်ခရိုင်အတွင်း နေရာတော်တော်များများ၌ မသင်္ကာဖွယ်ရုရှား လေယာဉ်များ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူပေါင်း ၄၆ ဦးထက် မနည်းသေဆုံးခဲ့ရကြောင်း ဆီးရီးယန်းလူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူများ၏ အဆိုအရ သိရပါတယ်။

အနောက်မြောက်ခရိုင် အတွင်းရှိ အနည်းဆုံး နေရာသုံးခုလောက်ဟာ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး အဓိက ထိခိုက် နစ်နာသူများမှာ အရပ်သားများဖြစ်ကြောင်း ဗြိတိန်အခြေစိုက် လူ့အခွင့်အရေး   စောင့်ကြည့်လေ့လာသူများအဖွဲ့ က တနင်္ဂနွေနေ့က ပြောခဲ့ပါတယ်။

အဆိုပါ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် Kafr Nabal မြို့တွင် ကလေး ၃ ယောက် အပါအဝင် အနည်းဆုံး အရပ်သား ၂၆ ယောက်သေဆုံးခဲ့ပြီး  Maaret al-Numan မြို့တွင် လူပေါင်း ၁၈ ယောက် သေဆုံးခဲ့ပါတယ်။

မျက်မြင်တစ်ယောက်၏ အဆိုအရ Kafr Nabal မြို့ကရွာထဲကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရပြီး အိမ်များနှင့် လူစည်းကားသော စျေးထဲသို့ ထိမှန်ခဲ့ကြောင်း AFP သတင်းကို ပြောခဲ့ပါတယ်။

Ref: Aj Jazeera

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags