နယူးဇီလန်ဝန်ကြီးချုပ် ဂျွန်ကီး ရာထူးမှနုတ်ထွက်မယ်လို့ ထုတ်ပြန်ကြေညာ

နယူးဇီလန်ဝန်ကြီးချုပ် ဂျွန်ကီး ရာထူးမှနုတ်ထွက်မယ်လို့ ထုတ်ပြန်ကြေညာ
နယူးဇီလန်ဝန်ကြီးချုပ် ဂျွန်ကီး (ဓာတ်ပုံ - အီးပီအေ)

နယူးဇီလန်ဝန်ကြီးချုပ် ဂျွန်ကီးက အစိုးရအကြီးအကဲဖြစ် ၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်သွားတော့မှာဖြစ်ကြောင်း တနင်္လာနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ မိသားစု အကြောင်းပြချက်များနဲ့ ရာထူးကနေ နုတ်ထွက်ရတာလို့ ကီးက ကိုးကား ပြောဆိုပါတယ်။

"ဒီဟာ အခက်ခဲဆုံး ဆုံးဖြတ်ချက်ဖြစ်ပြီး နောက်ထပ် ဘာဆက်လုပ်မယ်ဆိုတာ မသိသေးဘူး"လို့ အမျိုးသားပါတီခေါင်းဆောင်ကနေလည်း နုတ်ထွက်ခဲ့တဲ့ ဂျွန်ကီးက သတင်းရှင်းလင်းပွဲမှာ ပြောပါတယ်။

နယူးဇီလန် Herald သတင်းစာအဆိုအရ ဝန်ကြီးချုပ်ဂျွန်ကီးဟာ ၎င်းရဲ့ဇနီးဖြစ်သူ Bronagh က တောင်းဆိုခဲ့တာကြောင့် ရာထူးမှ နုတ်ထွက်တာဖြစ်တယ်လို့လည်း သိရပါတယ်။

အမျိုးသားပါတီဟာ ၎င်းတို့ရဲ့ ခေါင်းဆောင်သစ်နှင့် ဝန်ကြီးချုပ်သစ် ခန့်အပ် ဆုံးဖြတ်ဖို့ အထူးအစည်းအဝေးပွဲကို ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။ လက်ရှိ ဘဏ္ဍာရေးဝန်ကြီးနှင့် ဒုဝဝန်ကြီးချုပ် ဘီလ်အင်္ဂလိပ်ဟာ လစ်လပ်နေတဲ့ ခေါင်းဆောင်ရာထူး နေရာနှစ်ခုကို ရယူဖို့ မျှော်လင့်ရပြီး လက်ရှိ စီးပွားရေးဝန်ကြီး Steven Joyce က ဘဏ္ဍာရေးဝန်ကြီးဖြစ်လာဖို့ မျှော်လင့်ထားပါတယ်။

နယူးဇီလန်မှာ ရွေးကောက်ပွဲကို လာမယ့်နှစ် နိုဝင်ဘာလမှာ ကျင်းပနိုင်ချေရှိတယ်လို့ သိရပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly