ကယ်လီဖိုးနီယားပြည်နယ် အုတ်ခ်လန်မြို့ကုန်သိုလှောင်ရုံထဲ၌ လောင်ကျွမ်းခဲ့သောမီးကြောင့် အနည်းဆုံးလူ ကိုးဦးသေဆုံး

ကယ်လီဖိုးနီယားပြည်နယ် အုတ်ခ်လန်မြို့ကုန်သိုလှောင်ရုံထဲ၌ လောင်ကျွမ်းခဲ့သောမီးကြောင့် အနည်းဆုံးလူ ကိုးဦးသေဆုံး

ကယ်လီဖိုးနီယားပြည်နယ် အုတ်ခ်လန်မြို့ ကုန်သိုလှောင်ရုံထဲမှာကျင်းပခဲ့သောကခုန်ပွဲ၌ မီးလောင်ကျွမ်းမှု ရုတ်တရက်ဖြစ်ပွားခဲ့တာကြောင့် လူပေါင်းဒါဇင်နီးပါးလောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။ အာဏာပိုင်တွေက တော့ လူကိုးဦးအသက်ဆုံးရှုံးခဲ့ရပြီး နောက်ထပ်အသက်ဆုံးရှုံးမှုများဟာလည်း ၄၀ လောက်အထိရှိလာနိုင်တယ် လို့အတည်ပြုခဲ့ပါတယ်။

အုတ်ခ်လန်မြို့ မီးသတ်ဌာနအကြီးအကဲဖြစ်သူ Teresa Deloche-Reed ကတော့ ထိုကပွဲကျင်းပရာနေရာထဲမှာ လူပေါင်း ၅၀ ကနေ ၁၀၀ နီးပါးလောက်ရှိနေခဲ့ပါတယ်လို့ ပြောခဲ့ပါတယ်။

မီးလောင်ကျွမ်းမှုဟာ ဒေသစံတော်ချိန် သောကြာနေ့ည ၁၁နာရီခွဲ ( ဂရင်းနစ်စံတော်ချိန် စနေနေ့ မနက်ရနာရီခွဲ) မှာစတင် ခဲ့တာဖြစ်တယ်လို့ ရဲတွေကပြောပါတယ်။

မီးသတ်ဌာနမှ လူမှုကွန်ရက်ပေါ်မှာတင်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းတွေအရ အလွန်ကြီးမားသောမီးတောက်ကြီးဟာ အဆောက်အဦးရဲ့ခေါင်မိုးကို ၀ါးမြိုလောင်ကျွမ်းနေတာကိုတွေ့ခဲ့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly