အမေရိကန် ကာကွယ်ရေးဝန်ကြီးအဖြစ် အငြိမ်းစားဗိုလ်ချုပ်ကြီး ဂျိမ်းမတ်တစ်အား ထရမ့် ရွေးချယ်

အမေရိကန် ကာကွယ်ရေးဝန်ကြီးအဖြစ် အငြိမ်းစားဗိုလ်ချုပ်ကြီး ဂျိမ်းမတ်တစ်အား ထရမ့် ရွေးချယ်

နယူးယောက်၊ ဒီဇင်ဘာ ၂ ။              ။ အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ကာကွယ်ရေးဝန်ကြီးအဖြစ် အငြိမ်းစားဗိုလ်ချုပ်ကြီး ဂျိမ်းမတ်တစ်အား ရွေးချယ်ခဲ့သည်။

“သူက ကျွန်တော်တို့အတွက် အကောင်းဆုံးပါပဲ။”ဟု အိုဟိုင်းယိုတွင် ထောက်ခံသူများ စုရုံးပွဲတစ်ရပ်၌ ဒေါ်နယ်ထရမ့်က ကြေညာခဲ့ခြင်းဖြစ်သည်။

အီရတ်စစ်ပွဲတစ်ရပ်၌ ခွေးရူးဟု နာမည်ပြောင်ရခဲ့သည့် ကြယ်လေးပွင့်အဆင့် အငြိမ်းစားဗိုလ်ချုပ်ကြီး မတ်တစ်က အိုဘားမားအစိုးရ၏ အရှေ့အလယ်ပိုင်း အထူးသဖြင့် အီရန်နှင့် ပတ်သက်သည့် မူဝါဒကို မညှာမတာ ဝေဖန်လျက်ရှိသူလည်းဖြစ်သည်။

အီရန်နိုင်ငံအား အရှေ့အလယ်ပိုင်း တည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှုကို အခြိမ်းခြောက်ဆုံးသော တစ်ခုတည်းသောနိုင်ငံအဖြစ် မတ်တစ်ကို ပြောဆိုထားသည်။

ထောက်ခံသူများ စုရုံးပွဲ USA Thank You Tour 2016 တွင် ထရမ့်က မတ်တစ်အား ကာကွယ်ရေးဝန်ကြီးအဖြစ် ရွေးချယ်ကြောင်းကို ကြေညာလိုက်ခြင်းဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် “ခွေးရူး” မတ်တစ်ကို ရွေးထားပါတယ်။ သူဟာ ဒုတိယကမ္ဘာစစ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော့ပတ်တန်လို လူစားမျိုးပါ။”ဟု ဒေါ်နယ်ထရမ့်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly