ကမ္ဘာ့အကောင်းဆုံးအသင်း ပဏာမစာရင်းတွင် ဗာဒီ ပထမဆုံးအကြိမ်ပါဝင်

ကမ္ဘာ့အကောင်းဆုံးအသင်း ပဏာမစာရင်းတွင် ဗာဒီ ပထမဆုံးအကြိမ်ပါဝင်

ဒီဇင်ဘာ ၂၊ လက်စတာ။             ။ လက်စတာတိုက်စစ်မှူး ဗာဒီသည် ပဏာမကစားသမား ၅၅ ယောက်ပါဝင်သော တစ်နှစ်တာကမ္ဘာ့အကောင်းဆုံးအသင်း စာရင်းတွင် တစ်ဦးတည်းသော အင်္ဂလိပ်ကစားသမားအဖြစ် ပါဝင်လာခဲ့သည်။

အသက် ၂၉ နှစ်အရွယ်ဗာဒီသည် ပြီးခဲ့သည့်ရာသီက ၂၄ ဂိုးသွင်းပြီး လက်စတာအသင်း ပရီးမီးယားလိဂ်ဖလားရအောင် ကူညီ ပေးနိုင်ခဲ့သည်။

မန်ယူအသင်းခေါင်းဆောင် ရွန်နီမှာမူ ၁၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ယင်းစာရင်းတွင်ပါဝင်လာခြင်းမရှိပေ။ ဝေးလ်နှင့် ရီးယဲလ်မက်ဒရစ်ရှေ့တန်းလူ ဂါရတ်ဘေးလ်မှာ နှစ်နှစ်ဆက်တိုက်ပါဝင်လာခဲ့သည်။

ဘေးလ်၏ ရီးယဲလ်အသင်းဖော် စီရော်နယ်ဒို၊ ဂျူဗင်တပ်ဂိုးသမား ဘတ်ဖွန်တို့လည်းပါဝင်နေကြပြီး ရ၅ နိုင်ငံမှ ပရော်ဖက်ရှင်နယ် ကစားသမားများက မဲပေးကြရမည်ဖြစ်သည်။

ဗာဒီ၏ လက်စတာအသင်းဖော်ဟောင်း လက်ရှိချယ်လ်ဆီးကွင်းလယ်လူ ကန်တီ၊ မန်စီးတီး၏ ဒီဘရိုင်း၊ ဝက်စ်ဟမ်းမှ ပါယက်၊ အာဆင်နယ်၏ ဘယ်လာရင်တို့အပါအဝင် ပရီးမီးယားလိဂ်မှကစားသမား ၁၆ ယောက် ပါဝင်နေသည်။

ဘာစီလိုနာအသင်းမှာ ပြိုင်ဘက် ရီးယဲလ်အသင်းထက် နှစ်ဦးအသာ၊ ကစားသမား ၁၂ ဦးဖြင့် အများဆုံးပါဝင်နေသည်။ ကမ္ဘာ့ အကောင်းဆုံးအသင်းစာရင်းကို ဇန်နဝါရီတွင် ကြေညာမည်ဖြစ်သည်။

ကမ္ဘာ့အကောင်းဆုံးအသင်းအတွက် ပဏာမ ၅၅ ဦးစာရင်း

ဂိုး- ဘရာဗို (ချီလီ၊ ဘာစီလိုနာ၊ မန်စီးတီး)၊ ဘတ်ဖွန် (အီတလီ၊ ဂျူဗင်တပ်)၊ ဒေးဗစ်ဒီဟေး (စပိန်၊ မန်ယူ)၊ နာဗက်စ် (ကော်စတာရီကာ၊ ရီးယဲလ်)၊ နူအာ (ဂျာမနီ၊ ဘိုင်ယန်မြူးနစ်)။

နောက်- အလာဘာ (သြစတြီးယား၊ ဘိုင်ယန်)၊ ဘိုတန် (ဂျာမနီ၊ ဘိုင်ယန်)၊ ဟွမ်မဲလ် (ဂျာမနီ၊ ဒေါ့မွန်၊ ဘိုင်ယန်)၊ ဖိလစ်လမ်း (ဂျာမနီ၊ ဘိုင်ယန်)၊ အယ်လ်ဘာ (စပိန်၊ ဘာစီလိုနာ)၊ မာရှေယာနို (အာဂျင်တီးနား၊ ဘာစီလိုနာ)၊ ပီကေး (စပိန်၊ ဘာစီလိုနာ)၊ အော်ရီရာ (အိုင်ဗရီကို့စ်၊ ပီအက်စ်ဂျီ)၊ ဆေးလ်ဗား (ဘရာဇီး၊ ပီအက်စ်ဂျီ)၊ ဘယ်လာရင် (စပိန်၊ အာဆင်နယ်)၊ ဘိုနုချီ (အီတလီ၊ ဂျူဗင်တပ်)၊ ချီရယ်လီနီ (အီတလီ၊ ဂျူဗင်တပ်)၊ အဲလ်ဗက်စ် (ဘရာဇီး၊ ဘာစီလိုနာ၊ ဂျူဗင်တပ်)၊ ဒေးဗစ်လုဇ် (ဘရာဇီး၊ ပီအက်စ်ဂျီ၊ ချယ်လ်ဆီး)၊ ကာဗာဟာလ် (စပိန်၊ ရီးယဲလ်)၊ မယ်ဆယ်လို (ဘရာဇီး၊ ရီးယဲလ်)၊ ပီပီ (ပေါ်တူဂီ၊ ရီးယဲလ်)၊ ရာမို့စ် (စပိန်၊ ရီးယဲလ်)၊ ဗာရန်း (ပြင်သစ်၊ ရီးယဲလ်)၊ ဂိုဒင် (ဥရုဂွေး၊ အက်သလက်တီကို)။

လယ်- အလွန်ဆို (စပိန်၊ ဘိုင်ယန်)၊ ဗီဒယ် (ချီလီ၊ ဘိုင်ယန်)၊ ဘူးစကွက်စ် (စပိန်၊ ဘာစီလိုနာ)၊ အင်နီယေစတာ (စပိန်၊ ဘာစီလိုနာ)၊ ရာကီတစ် (ခရိုအေးရှား၊ ဘာစီလိုနာ)၊ ဆေးလ်ဗား (စပိန်၊ မန်စီးတီး)၊ ဒီဘရိုင်း (ဘယ်လ်ဂျီယံ၊ မန်စီးတီး)၊ ဟက်ဇက် (ဘယ်လ်ဂျီယံ၊ ချယ်လ်ဆီး)၊ ကန်တီ (ပြင်သစ်၊ လက်စတာ၊ ချယ်လ်ဆီး)၊ ကရူးစ် (ဂျာမနီ၊ ရီးယဲလ်)၊ မိုဒရစ် (ခရိုအေးရှား၊ ရီးယဲလ်)၊ အိုဇေးလ် (ဂျာမနီ၊ အာဆင်နယ်)၊ ပါယက် (ပြင်သစ်၊ ဝက်စ်ဟမ်း)၊ ပေါ့ဂ်ဘာ (ပြင်သစ်၊ ဂျူဗင်တပ်၊ မန်ယူ)၊ ဗာရတ်တီ (အီတလီ၊ ပီအက်စ်ဂျီ)။

ရှေ့- အဂူရို (အာဂျင်တီးနား၊ မန်စီးတီး)၊ ဘေးလ် (ဝေးလ်၊ ရီးယဲလ်)၊ ဘင်ဇီမာ (ပြင်သစ်၊ ရီးယဲလ်)၊ စီရော်နယ်ဒို (ပေါ်တူဂီ၊ ရီးယဲလ်)၊ ဒိုင်ဘာလာ (အာဂျင်တီးနား၊ ဂျူဗင်တပ်)၊ ဟီဂွာအင် (အာဂျင်တီးနား၊ နာပိုလီ၊ ဂျူဗင်တပ်)၊ ဂရစ်ဇ်မန်း (ပြင်သစ်၊ အက်သလက်တီကို)၊ အီဘရာဟီမိုဗစ် (ဆွီဒင်၊ ပီအက်စ်ဂျီ၊ မန်ယူ)၊ လီဝန်ဒေါစကီး (ပိုလန်၊ ဘိုင်ယန်)၊ မူလာ (ဂျာမနီ၊ ဘိုင်ယန်)၊ နေမာ (ဘရာဇီး၊ ဘာစီလိုနာ)၊ မက်ဆီ (အာဂျင်တီးနား၊ ဘာစီလိုနာ)၊ ဆွာရက်ဇ် (ဥရုဂွေး၊ ဘာစီလိုနာ)၊ ဆန်းချက်ဇ် (ချီလီ၊ အာဆင်နယ်)၊ ဗာဒီ (အင်္ဂလန်၊ လက်စတာ)။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly