ခြေကျင်းဝတ်ဒဏ်ရာကြောင့် ကာဇိုလာ သုံးလ နားရဖွယ်ရှိ

ခြေကျင်းဝတ်ဒဏ်ရာကြောင့် ကာဇိုလာ သုံးလ နားရဖွယ်ရှိ

ဒီဇင်ဘာ ၂၊ လန်ဒန်။                ။ အာဆင်နယ်ကွင်းလယ်ကစားသမား ဆန်တီကာဇိုလာသည် ခြေကျင်းဝတ်ဒဏ်ရာ ခွဲစိတ်ကုသရမည်ဖြစ်၍ သုံးလခန့် အနားယူ ရဖွယ်ရှိနေသည်။

အသက် ၃၁ နှစ်အရွယ်ရှိ စပိန်လက်ရွေးစင်ကစားသမားသည် အောက်တိုဘာလလယ်ပိုင်းက အာဆင်နယ်အသင်း လူဒိုဂိုရတ်စ်ကို ၆-၀ ဖြင့်နိုင်သည့် ချန်ပီယံလိဂ်ပွဲတွင် ဖနောင့်ကြောဒဏ်ရာ ရရှိခဲ့သည်။

ယင်းကစားသမား၏ဒဏ်ရာမှာ တိုးတက်ကောင်းမွန်လာခြင်း မရှိ၍ လာမည့်တစ်ပတ်တွင် ဆွီဒင်သို့သွားပြီး ခွဲစိတ်ရမည်ဟု အာဆင်နယ်အသင်းက ကြေညာခဲ့သည်။

ကာဇိုလာသည် ပြီးခဲ့သည့်ရာသီကလည်း ဒူးဒဏ်ရာတစ်ခုကြောင့် ခုနစ်လခန့် အနားယူခဲ့ရသည်။ လက်ရှိရာသီတွင် အာဆင်နယ် အသင်းအတွက် ပြိုင်ပွဲစုံ ၁၁ ပွဲကစားပြီး နှစ်ဂိုးသွင်းယူ ပေးထားသည်။

ကာဇိုလာ၏ ညာဘက် ခြေကျင်းဝတ်အရွတ်ကို ခွဲစိတ်ကုသရမည်ဖြစ်ကြောင်း အာဆင်နယ်အသင်းက ထုတ်ပြန်ခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly