ထိုင်းအိမ်ရှေ့မင်းသား မဟာဝါဇီရာလောင်ကွန်း ဘုရင်မင်းမြတ်အဖြစ် နန်းတက်ပြီ

ထိုင်းအိမ်ရှေ့မင်းသား မဟာဝါဇီရာလောင်ကွန်း ဘုရင်မင်းမြတ်အဖြစ် နန်းတက်ပြီ

ဘန်ကောက်၊ ဒီဇင်ဘာ ၂ ။          ။ ထိုင်းအိမ်ရှေ့မင်းသား မဟာဝါဇီရာလောင်ကွန်းက ခမည်းတော် ဘူမိဘော၏ အရိုက်အရာကို ဆက်ခံကာ ထိုင်းနိုင်ငံ၏ ဘုရင်းအဖြစ် နန်းတက်ပြီဖြစ်သည်။

သက်တော် ၆၄ နှစ်ရှိ ဝါဇီရာလောင်ကွန်းက လွှတ်တော်၏ ဖိတ်မန္တကပြုမှုအရ ထီးနန်းကို လက်ခံသည်ကို ရုပ်မြင်သတင်းတစ်ရပ်က ထုတ်လွှင့်ပြသည်။

ကမ္ဘာ့သက်တမ်းအရှည်ဆုံး နန်းစံဘုရင် ဘူမိဘောက အောက်တိုဘာ ၁၃ ရက်၌ နတ်ရွာစံခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၏ နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုများတွင် ဆယ်စုနှစ် ခုနစ်ခုစာအတွင်း တည်ငြိမ်ငြိမ်းချမ်းရေး ကျောက်တိုင်အဖြစ် ဘုရင်ဘူမိဘောအား ကြည်ညိုရင်းစွဲ ရှိကြသည်။

ဘုရင်ဘူမိဘော နတ်ရွာစံပြီးနောက် အိမ်ရှေ့စံ နန်းတက်ရမည်ဖြစ်သော်လည်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက အိမ်ရှေ့စံအနေဖြင့် ဝမ်းနည်းကြေကွဲမှုကြောင့် နန်းတက်ခြင်းကို အချိန်ဆိုင်းထား လိုသေးကြောင်း ပြောဆိုထားခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်မှ ထီးနန်းကို ခံယူခဲ့ခြင်းဖြစ်ကာ ဒသမမြောက် ရာမမင်းအဖြစ် နန်းတက်ခြင်းဖြစ်သည်။ “ဘုရင်ဘူမိဘော၏ ဆန္ဒများအလိုကို ဖြည့်ဆည်းပေးလိုပြီး ထိုင်းပြည်သူအားလုံး၏ အကျိုးကျေးဇူးအတွက် ထီးနန်းကို လက်ခံပါတယ်။”ဟု ရုပ်မြင်သံကြားမိန့်ခွန်း၌ ဘုရင်သစ် ဝါဇီရာလောင်ကွန်းက   ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly