အာဏာလက်လွှတ်ရလျှင် အဖြစ်ဆိုးများဖြစ်လာလိမ့်ဟု မလေးရှားဝန်ကြီးချုပ် သတိပေး

အာဏာလက်လွှတ်ရလျှင် အဖြစ်ဆိုးများဖြစ်လာလိမ့်ဟု မလေးရှားဝန်ကြီးချုပ် သတိပေး

ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၁ ။      ။ ငွေကြေးအရှုပ်တော်ပုံနှင့် ရင်ဆိုင်နေရသည့် မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်က မလေးနှင့် အစ္စလာမ်အတွက် အဆုံးအထိ တိုက်ပွဲဝင်သွားမည်ဟု
စိတ်ပိုင်းဖြတ်ကာ လာတော့မည့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ကြရန် ၎င်း၏ အာဏာရပါတီအား ဒီဇင်ဘာ ၁ ရက်က ပြောဆိုတိုက်တွန်းသည်။

စည်းလုံးသော မလေးအမျိုးသားအသင်းအဖွဲ့ UMNO ၏ နှစ်ပတ်လည်အစည်းအဝေး၌ မိန့်ခွန်းပြောကြားရာတွင် နာဂျစ်က ရွေးကောက်ပွဲအကြောင်း ပြောဆိုကာ တိုင်းရင်းသားတရုတ်များ ကြီးစိုးသည့် ဒီမိုကရက်တစ်လှုပ်ရှားမှုပါတီ DAP အတိုက်အခံပါတီအုပ်စုသာ အာဏာရသွားပါက အဖြစ်ဆိုးများ ကြံုရလိမ့်မည်ဟု သတိပေးပြောခြင်းဖြစ်သည်။

“နောက်ဆုံးအထိ တိုက်ပွဲဝင်သွားဖို့ ကျွန်တော်တို့ ကတိကဝတ်ပြုတယ်။ နောက်ဆုံးသွေးစက်အထိ၊ အသက်ခန္ဓာ သေဆုံးတဲ့အထိ တိုက်ပွဲဝင်သွားမယ်။”ဟု ကောင်းချီးပေးနေသော လူအုပ်အား နာဂျစ်က ပြောလိုက်သည်။

ထိုပြင် နာဂျစ်က တင်းကျပ်သည့် အစ္စလာမ်ဥပဒေကို အားပေးသည့် ဥပဒေကြမ်းကိုလည်း ၎င်းအနေဖြင့် ထောက်ခံလျက်ရှိနေကြောင်း ထပ်မံပြောဆိုခဲ့သည်။ အဆိုပါ ဥပဒေအား ဗဟိုအစိုးရ ဆွေးနွေးမည်ဖြစ်ကြောင်း ထပ်လောင်း ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly