လူငယ်တွေအတွက် အသစ်တွေ အများကြီး လိုအပ်တယ်

လူငယ်တွေအတွက် အသစ်တွေ အများကြီး လိုအပ်တယ်

၂၀၀၉ ခုနှစ်မှာ “ ခေတ်နောက်ကျတဲ့ ငါတို့” တေးစီးရီးနဲ့ အနုပညာလောကထဲဝင််လာခဲ့တဲ့သူ၊ Jam It Show ပွဲတွေကို စီစဉ်ပေးနေတဲ့ ကိုရဲငွေစိုး၊ မြန်မာနိုင်ငံရဲ့ Punk တစ်ယောက်ဘဝ အခြေအနေကို သူဘာတွေများ ပြောခဲ့ပါလဲ။ ကျွန်မကတော့ ယဉ်မွန်ပါ။ အခုဆိုရင် ကိုရဲငွေစိုးနဲ့တွေ့ဆုံဖို့အတွက် သူ့ရဲ့ စတူဒီယိုကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ယဉ်မွန်ရဲ့ လက်ထဲမှာတော့ yope မေးခွန်း ၅ ခုနဲ့အတူ yope Red Chair ရှိနေပါတယ်။

မေး - မင်္ဂလာပါအစ်ကိုရေ အခုလို yope အစီအစဉ်မှာ တွေ့ရတဲ့အတွက် ၀မ်းသာပါတယ်။

ဖြေ - မင်္ဂလာပါ ။ ကျွန်တော် ရဲငွေစိုးပါ။

မေး - ဟုတ်ကဲ့ပါ ။ အစ်ကို ညီမတို့အစီအစဉ်ကပေါ့နော်။ ဒီလို အနုပညာရှင်တွေ အောင်မြင်ကျော်ကြားနေတဲ့ လူငယ်တွေကို မေးခွန်း ၅ ခုမေးတဲ့အစီအစဉ်ပါ အစ်ကို။ ပထမဦးဆုံး မေးခွန်းပါ အစ်ကို။ အဲဒါကတော့ မြန်မာနိုင်ငံက Punk တစ်ယောက်ရဲ့ ဘဝအခြေအနေက ဘယ်လိုရှိမယ်လို့ အစ်ကိုထင်လဲရှင့်။

ဖြေ - Punk တစ်ယောက်က မြန်မာပြည်မှာမှ မဟုတ်ပါဘူး။ ဘယ်မှာပဲဖြစ်ဖြစ် Punkတစ်ယောက်ရဲ့အခြေအနေက လွတ်လပ်တယ်။  ပြီးတော့ Punk Rock ကိုကြိုက်ရတာ ပျော်စရာကောင်းတယ်။ ပြီးတော့ အဲဒီအတွေးအခေါ်တွေ သမိုင်းတွေလေ့လာရတာလည်း စိတ်ဝင်စားစရာကောင်းပါတယ်။

မေး - ဟုတ်ပါပြီ အစ်ကို။ ဒါ နောက် ဒုတိယမေးခွန်းပေါ့နော်။ အစ်ကိုက ဂီတတစ်လျှောက်လုံး ပန့်ခ်ဂီတကိုပဲ စွဲစွဲမြဲမြဲလုပ်ကိုင်လာတာဆိုတော့ အိမ်နဲ့ဆန့်ကျင်ခဲ့ရတဲ့ အခြေအနေတွေလည်း  ရှိခဲ့မှာပေါ့။ အဲဒီတုန်းက အမှတ်တရလေးတစ်ခုရှိမယ်ဆိုရင်  ပြောပြပါဦး။

ဖြေ - ကျွန်တော ်တော်လှန်ရေးက ၃ ခါလောက်ကျော်ရတယ် ထင်ပါတယ်။ ဂျပန်တစ်ခါလွှတ်တယ် စင်ကာပူတစ်ခါ လွှတ်တယ်။ နောက် သြစတြေးလျက မွေးစားတယ်ဆိုလား အဲဒီလိုမျိုးပေါ့။ အဲဒါတွေ လိုက်မလုပ်နိုင်ဘူးဆိုတော့ သူတို့က နည်းနည်းတော့ ဟိုဟာဖြစ်တာပေါ့။ သူတို့ကတော့ ရောင်းတန်းဝင်ဘဝတစ်ခု ဖြစ်စေချင်တာပေါ့။ ဒီလိုဘဝကြီးကိုတော့ ဘယ်သူက ကြိုက်မှာလဲ။ အဲဒါပါပဲ သိပ်ထွေထွေထူးထူးတော့ မရှိပါဘူး။ နောက်ပိုင်းကျတော့ သူတို့လည်း လက်ခံမှာပါ။

မေး - ဟုတ်ပါပြီ အစ်ကို ။ ဒါက နံပါတ် ၃ မေးခွန်း။ နံပါတ် ၃ မေးခွန်းကတော့ ညီမတို့ဆီမှာ Fancy လည်း ဆန်မယ်ပေါ့။ နည်းနည်းပေါ့ပေါ့ပါးလည်းဖြစ်မယ်ပေါ့။ အစ်ကိုမကြိုက်တဲ့ လူပုံစံ ၃ မျိုးကို ပြောပြပါ အစ်ကို။

ဖြေ - ကျွန်တော်မိန်းမတွေဆိုရင် ခြေသည်းလက်သည်း ပြတ်နေတဲ့မိန်းမတွေကို မကြိုက်ဘူး။ ယောကျင်္ားဆိုရင် လိမ်ပြောတတ်တဲ့သူနည်းနည်း၊   ကြွားတတ်တဲ့သူကို မကြိုက်ဘူး။ နောက်တစ်ခုကတော့ ကိုယ်နဲ့ ကိစ္စတစ်ခု ဖြစ်သွားပြီးတော့ ကိုယ်က  စိတ်ဆင်းရဲရတယ်။ သူ့ကိုလည်း စိတ်ဆင်းရဲစေချင်လို့ ဒုက္ခလိုက်ပေးတဲ့သူကို မကြိုက်ဘူး။

မေး - နံပါတ် ၄ မေးခွန်းကတော့ Jam It ပွဲတွေကို  စီစဉ်ဖြစ်တဲ့ အိုင်ဒီယာနဲ့ Jam It ဆိုတဲ့ နာမည်က ဘာအဓိပ္ပါယ်များဖြစ်မလဲရှင့်။

ဖြေ - Jam It ကထွေထွေထူးထူး မဟုတ်ပါဘူး ။ နာမည်တစ်ခုအနေနဲ့ စိတ်ကူးပြီးပေးဖြစ်တာပါ။ Jam It ရဲ့ရည်ရွယ်ချက်ကတော့လူငယ်တွေရဲ့ အဖွဲ့အစည်းတစ်ခုပေါ့။ ပလက်ဖောင်းတစ်ခုပေါ့။ ဘာလို့လဲဆိုတော့ လူငယ်တွေ Show ဆိုဖို့က ခက်ခဲတယ်။ အရင်တုန်းကပြီးတော့ အခွေထွက်ဖို့ကလည်း ခက်ခဲတယ်လေ။ အဲဒါတွေကို ညှိနှိုင်းပြီးတော့ လူငယ်တွေ ဆိုဖို့ နေရာတွေ အများကြီးရှိလာအောင် ကျွန်တော်တို့လုပ်နေတာပါ။ အခု ၂ ရက်နေ့ဆို  “ မင်္ဂလာပါ Festival ” ရှိတယ်။ Jam It က လုပ်တာပဲ ။ အားလုံးကို လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

မေး - ဟုတ်ပါပြီ အစ်ကို။  နံပါတ် ၅ မေးခွန်းကတော့ နည်းနည်းတော့ ဆန်းမယ်။ အစ်ကိုသာ ရန်ကုန်မြို့တော်ဝန််ဖြစ်ခဲ့မယ်ဆိုရင် လူငယ်တွေအတွက် ဘယ်လိုများပျော်စရာမြို့လေးအဖြစ် ဖန်တီးပေးမလဲ။

ဖြေ - ကျွန်တော် မြို့တော်ဝန် တကယ်မဖြစ်ချင်ပါဘူး။  ဒါပေမယ့် အစ်မက ပေးဖြစ်မယ် ဆိုရင်တော့ဒီမှာ လူငယ်တွေတီးလို့ရတဲ့ နေရာတွေအများကြီး ရှိလာစေချင်တယ်။ လူငယ်တွေဟာ တီးလို့ရလာပြီဆိုရင် လူငယ်တွေဟာမူးယစ်ဆေးဝါး မသုံးတော့ဘူး။ Music ဘက်မှာ စိတ်ဝင်စားလာမယ်။ ပြီးတော့ လူတွေ အနေနဲ့လည်း ပျော်ရမယ်။ တစ်ခါလာလည်း အရမ်းပျင်းဖို့ကောင်းတဲ့ Music တွေကို နားထောင်ရတာ လူတွေအတွက် ရင်မခုန်တော့ဘူးလို့ ကျွန်တော်မြင်တယ်။ အဲဒီတော့ အသစ်တွေအများကြီး လိုအပ်တယ်။ ရန်ကုန်မှ မဟုတ်ပါဘူး။  မန္တလေး ၊ တောင်ကြီး အကုန်လိုအပ်တယ်ဗျာ။ အဲဒါတွေကို ကျွန်တော်ပြောင်းလဲချင်တယ်။ အဲဒါတွေကို လုပ်ချင်တယ်။

မေး - ဟုတ်ပါပြီ အစ်ကို ။ စိတ်ကူးကောင်းပါပဲ။ ဟုတ်ကဲ့ပါ ။ အခုလို ညီမတို့ yope မှာ မေးခွန်း ၅ ခု ဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly