သက်ငယ်မှုဒိမ်းမှုများအတွက် အမြင့်ဆုံးထောင်ဒဏ် အနှစ် ၂၀ ချမှတ်နိုင်

သက်ငယ်မှုဒိမ်းမှုများအတွက် အမြင့်ဆုံးထောင်ဒဏ် အနှစ် ၂၀ ချမှတ်နိုင်
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

သက်ငယ်မုဒိမ်းမှုများ၊ ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်၊ အမြတ်ထုတ်မှုများအတွက် တည်ဆဲဥပဒေအရ အမြင့်ဆုံး ထောင်ဒဏ် ၂၀ နှစ်အထိ ချမှတ်နိုင်သည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန််ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ နိုဝင်ဘာလ ၃၀ ရက်တွင် ထုတ်ပြန်ထားသည်။

 အဆိုပါ ဖြစ်စဉ်များ လျော့နည်းသွားစေရေးအတွက် ပြည်သူများ ပူးပေါင်းပါ၀င်ဆောင်ရွက်ရန် လူမှုဝန်ထမ်းမှ တိုက်တွန်းထားသည်။ ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်၊ အမြတ်ထုတ်မှုများ ဖြစ်ပေါ်နေသည်ဟု သံသယရှိပါက လူမှုဝန်ထမ်းဦးစီးဌာန ဖုန်း ၀၆၇ ၄၀၄၉၉၉၊ ၀၆၇ ၄၀၄၂၂၂ သို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေး “ သက်ငယ်မုဒိမ်းမှုသည် ထောင်ဒဏ်နှစ်(၂၀)ချမှတ်နိုင်သော ပြစ်မှုဖြစ်သည် ” ဟု  ပြောထားပြီး သက်ငယ်မုဒိမ်းမှုများ ဖြေရှင်းဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး(ဒုတိယအကြိမ်)ကိုလည်း နိုဝင်ဘာလ ၂၉ ရက်တွင် ပြုလုပ်ခဲ့သည်။

သက်ငယ်မုဒိမ်းမှုများ၊ ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုများအကြောင်း သတင်းမီဒီယာများ၊ လူမှုကွန်ယက်များအပေါ် ပျံ့နှံ့လာပြီးနောက် ထိုကဲ့သို့ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၂၀ နှစ်အထိ ချမှတ်နိုင်ခြင်းဖြစ်သည်။

မြောင်းမြခရိုင်၊  မြောင်းမြခရိုင်တရားရုံးက နိုဝင်ဘာလ ၃၀ ရက်က  သမီးအရင်းကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သူ ဖခင်ကို ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အရ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly